ထာဝရဘုရားထံ ပူဇော်သောသူ၏ပူဇော်သက္ကာသည် မစင်ကြယ်၊ မပူဇော်သင့်သောတိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်လျှင် ထိုတိရစ္ဆာန်ကို ယဇ်ပုရောဟိတ်ထံ ယူလာရမည်။
ဝတ်ပြု 27:27 - မြန်မာ့စံမီသမ္မာကျမ်း မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ထိုအကောင်ကို ရွေးနုတ်ခွင့်ရှိ၏။ သင်ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ မရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ရောင်းရမည်။ Common Language Bible သို့ရာတွင်မသန့်စင်သောတိရစ္ဆာန်၏သား ဦးပေါက်ကိုမူကား ကျပ်ချိန်တော်အရ တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်း၍ပြန်ဝယ်ယူရမည်။ အကယ်၍ထို တိရစ္ဆာန်ကိုပြန်၍မဝယ်ယူလိုလျှင် အခြား သူတစ်ယောက်အားကျပ်ချိန်တော်အရ တန်ဖိုးဖြင့်ရောင်းရမည်။ Garrad Bible မ သန့် သော တိ ရ စ္ဆာန် ဖြစ် သော် သင် ပြတ် ဆို ချက် အ ရ ငါး ဖို့ တစ် ဖို့ တိုး၍ ရွေး စေ။ မ ရွေး မူ ကား သင် ပြတ် ဆို ချက် အ တိုင်း ရောင်း စေ။ Judson Bible မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဖိုးဖြတ်သည်အတိုင်းရွေး၍၊ ငါးစုတစ်စုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဖိုးဖြတ်သည်အတိုင်းရောင်းရမည်။ |
ထာဝရဘုရားထံ ပူဇော်သောသူ၏ပူဇော်သက္ကာသည် မစင်ကြယ်၊ မပူဇော်သင့်သောတိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်လျှင် ထိုတိရစ္ဆာန်ကို ယဇ်ပုရောဟိတ်ထံ ယူလာရမည်။
သူသည် ထိုတိရစ္ဆာန်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
မိမိအိမ်ကို ဆက်ကပ်သောသူသည် ထိုအိမ်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကို ထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ အိမ်သည် သူ့အပိုင်ဖြစ်လိမ့်မည်။
နွားဖြစ်စေ၊ သိုးဖြစ်စေ ထာဝရဘုရားပိုင်၏။ ထာဝရဘုရားပိုင်သောအရာဖြစ်သည့် အဦးဆုံးပေါက်သောတိရစ္ဆာန်တို့၏သားဦးကို မည်သူမျှ မဆက်ကပ်ရ။
တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သမျှတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ ထာဝရဘုရားအား ဆက်ကပ်ထားသောအရာရှိသမျှတို့ကို ရောင်းခွင့်မရှိ။ ရွေးနုတ်ခွင့်လည်းမရှိ။ ဆက်ကပ်ထားသောအရာရှိသမျှတို့သည် ထာဝရဘုရားအဖို့ အလွန်သန့်ရှင်းသောအရာများဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိဆယ်ဖို့တစ်ဖို့ထဲမှအချို့ကို အမှန်ပင်ရွေးနုတ်လိုလျှင် ၎င်း၏တန်ဖိုးအပြင် ငါးပုံတစ်ပုံထပ်ပေါင်း၍ ပေးရမည်။
သူပြစ်မှားမိခဲ့သည့် သန့်ရှင်းသောအရာတစ်စုံတစ်ခုအတွက် အလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည် သိုးထီးကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးခြင်းဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။