ဝတ်ပြု 27:27 - Common Language Bible27 သို့ရာတွင်မသန့်စင်သောတိရစ္ဆာန်၏သား ဦးပေါက်ကိုမူကား ကျပ်ချိန်တော်အရ တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်း၍ပြန်ဝယ်ယူရမည်။ အကယ်၍ထို တိရစ္ဆာန်ကိုပြန်၍မဝယ်ယူလိုလျှင် အခြား သူတစ်ယောက်အားကျပ်ချိန်တော်အရ တန်ဖိုးဖြင့်ရောင်းရမည်။ အခန်းကိုကြည့်ပါ။Garrad Bible27 မ သန့် သော တိ ရ စ္ဆာန် ဖြစ် သော် သင် ပြတ် ဆို ချက် အ ရ ငါး ဖို့ တစ် ဖို့ တိုး၍ ရွေး စေ။ မ ရွေး မူ ကား သင် ပြတ် ဆို ချက် အ တိုင်း ရောင်း စေ။ အခန်းကိုကြည့်ပါ။Judson Bible27 မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဖိုးဖြတ်သည်အတိုင်းရွေး၍၊ ငါးစုတစ်စုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဖိုးဖြတ်သည်အတိုင်းရောင်းရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ထိုအကောင်ကို ရွေးနုတ်ခွင့်ရှိ၏။ သင်ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ မရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ရောင်းရမည်။ အခန်းကိုကြည့်ပါ။ |
သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။