ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
ဝတ်ပြု 18:6 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မိမိနှင့်ဆွေမျိုးနီးစပ်သူမည်သူ့ကိုမျှ ဆက်ဆံရန် မချဉ်းကပ်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။ Common Language Bible ထာဝရဘုရားသည်အောက်ပါပြဋ္ဌာန်းချက် များကို ချမှတ်ပေးတော်မူ၏။ သင်တို့သည် ဆွေမျိုးနီးစပ်သူနှင့် ကာမစပ်ယှက်ခြင်း မပြုရ။- Garrad Bible သင် တို့ အ နက် မည် သူ မျှ ဆွေ မျိုး နီး စပ် သူ့ ကို ဆက် ဆံ ရန် မ ချဉ်း ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ Judson Bible သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဖော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။ |
ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
သင့်ထဲတွင် ဖခင်၏မယားနှင့် ဆက်ဆံသောသူရှိ၏။ သင့်ထဲတွင် ဓမ္မတာလာချိန်မစင်ကြယ်သောမိန်းမကို အဓမ္မပြုကျင့်သောသူရှိ၏။
တစ်ယောက်က အိမ်နီးချင်းမယားနှင့် ဖောက်ပြန်၍ တစ်ယောက်က ချွေးမကို ညစ်ညမ်းအောင်ပြု၏။ တစ်ယောက်က အဖေတူအမေကွဲအစ်မ၊ သို့မဟုတ် နှမကို အဓမ္မပြုကျင့်၏။
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ ထိုအရာတို့ကိုပြုကျင့်လျှင် ထိုအရာတို့အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။