လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ဝတ်ပြု 10:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေက အာရုန်နှင့် အသက်ရှင်ကျန်ရစ်ခဲ့သောသားဧလာဇာ၊ ဣသမာတို့အား “ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာထဲမှ ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကိုယူလော့။ ဤပူဇော်သက္ကာသည် အထူးသန့်ရှင်းသည်ဖြစ်၍ တဆေးမပါဘဲ ယဇ်ပလ္လင်ဘေး၌စားရမည်။ Common Language Bible မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။- Garrad Bible အာ ရုန် မှ စ ၍ ကျန် သော သား ဧ လာ ဇာ နှင့် ဣ သ မာ တို့ အား မော ရှေ က၊ အ မိန့် တော် အ တိုင်း ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ အ နက် ကျန် သော ဘော ဇဉ် သ က္ကာ ကို ယူ၍ အ ထူး သီး သန့် သည် နှင့် အ ညီ တ ဆေး ကင်း လျက် ပူ ဇော် ရာ ပ လ္လင် တော် အ နီး စား ကြ လော့။ Judson Bible မောရှေသည်လည်း၊ အာရုန်နှင့် ကြွင်းသောသားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရဘုရားအားမီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သကာအကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာစားကြလော့။ အလွန်သန့်ရှင်းပေ၏။ |
လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ဗုက္ကိသည် အဘိရွှ၏သား၊ အဘိရွှသည် ဖိနဟတ်၏သား၊ ဖိနဟတ်သည် ဧလာဇာ၏သား၊ ဧလာဇာသည် ယဇ်ပုရောဟိတ်မင်းအာရုန်၏သား ဖြစ်၏။
တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
သူတို့ကို ခန့်အပ်ရန်နှင့်သန့်ရှင်းစေရန် သူတို့သည် အပြစ်ဖြေလွှတ်ခြင်းအတွက်ပူဇော်သောအရာတို့ကို စားကြရမည်။ ထိုအရာတို့သည် သန့်ရှင်းသောအရာဖြစ်၍ မဆိုင်သောသူမစားရ။
အာရုန်သည် အမိနဒပ်၏သမီးဖြစ်သော နာရှုန်၏နှမ ဧလိရှဘနှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကိုမွေးဖွားပေး၏။
ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို သူတို့စားရမည်။ အစ္စရေးလူမျိုးတို့ ဆက်ကပ်သောအရာဟူသမျှသည် သူတို့အပိုင်ဖြစ်ရမည်။
ဤကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားတို့ရရှိရမည့်ဝေစုဖြစ်၍ ဤပူဇော်သက္ကာကို သန့်ရှင်းသောနေရာ၌ စားရမည်။ ငါ့အား ဤသို့ မိန့်မှာတော်မူပြီ။
မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။
ထိုမုန့်သည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာများထဲမှ အာရုန်အတွက် အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုမုန့်ကို သန့်ရှင်းသောနေရာ၌စားရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
မီးဖိုထဲ၌ဖုတ်သောဘောဇဉ်ပူဇော်သက္ကာရှိသမျှနှင့် အိုးကင်း၊ ဒယ်ပြားဖြင့်လုပ်သောမုန့်အားလုံးကို ဘောဇဉ်ပူဇော်သက္ကာပူဇော်ပေးသောယဇ်ပုရောဟိတ်သည် ပိုင်၏။