ရှောလမုန်သီချင်း။ 8:10 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်သည် မြို့ရိုးဖြစ်၍ အကျွန်ုပ်၏သားမြတ်တို့သည် မျှော်စင်နှင့်တူပါ၏။ ထို့ကြောင့် အရှင့်မျက်လုံးထဲတွင် အကျွန်ုပ်သည် အေးချမ်းမှုကိုပေးသောသူဖြစ်ပါ၏။ Common Language Bible ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ် စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။ Garrad Bible ကျွန် မ သည် မြို့ ရိုး သ ဖွယ်၊ ရင် သား လည်း ရဲ တိုက် သ ဖွယ် ဖြစ် ပါ၍၊ အ ရှင့် မျက် မှောက်၌ ငြိမ် သက် ရာ ရောက်၏။ Judson Bible ငါသည် မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုးကဲ့သို့ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသောကျေးဇူးရှိ၏။ |
ထိုသို့ပြုလျှင် သင်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌မျက်နှာရ၍ ကောင်းသောဉာဏ်စွမ်းနှင့်ပြည့်စုံလိမ့်မည်။
သင့်လည်တိုင်သည်လည်း ကျောက်များဖြင့်စီတန်းဆောက်လုပ်ထားသော ဒါဝိဒ်မင်းကြီး၏ရဲတိုက်နှင့် တူပါ၏။ ထိုရဲတိုက်တွင် ဒိုင်းလွှားအခုတစ်ထောင် ချိတ်ဆွဲထားပြီး ဒိုင်းလွှားတစ်ခုစီသည် စစ်သူရဲတို့ ကိုင်ဆောင်သောဒိုင်းလွှားများဖြစ်၏။
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
ဗာလဟာမုန်အရပ်တွင် ရှောလမုန်မင်းကြီး၏စပျစ်ခြံရှိ၏။ ထိုစပျစ်ခြံကို ခြံလုပ်သားတို့လက်သို့ အပ်ထား၏။ သူတို့သည် စပျစ်သီးဖိုး ငွေစတစ်ထောင်စီ ဆက်သရ၏။
တိုင်းတစ်ပါးသားတို့သည် သင်၏မြို့ရိုးတို့ကိုတည်ဆောက်ကြရမည်။ သူတို့၏ရှင်ဘုရင်တို့သည် သင်၏အမှုကိုထမ်းဆောင်ကြရမည်။ အကြောင်းမူကား ငါသည် သင့်ကို အမျက်ထွက်၍ ဒဏ်ခတ်သော်လည်း ကရုဏာထား၍ ကျေးဇူးပြုဦးမည်။
သင့်ကို တောထဲမှအပင်ကဲ့သို့ ကြီးထွားစေ၏။ သင်သည် ကြီးထွားဖွံ့ဖြိုးလာပြီး လှပသောအဆင်တန်ဆာ ဖြစ်လာ၏။ ရင်သားစူလာ၏။ ဆံပင်ရှည်လာ၏။ သို့သော် အဝတ်မပါအချည်းစည်း ဖြစ်နေ၏။
ကောင်းကင်တမန်ကလည်း “မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ကိုခံစားရလေပြီ။
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ငါတို့၌ကြွယ်ဝပြည့်စုံစေတော်မူ၍ ခပ်သိမ်းသောဉာဏ်ပညာနှင့်အသိပညာအားဖြင့်
သို့သော် ငါသည် ကရုဏာတော်ကိုခံစားရသည့်အကြောင်းမှာ ခရစ်တော်ယေရှုသည် အဆိုးဆုံးဖြစ်သောငါ၌ ခပ်သိမ်းသောစိတ်ရှည်သည်းခံခြင်းကိုပြသတော်မူခြင်းအားဖြင့် ကိုယ်တော်ကိုယုံကြည်၍ ထာဝရအသက်ရရှိမည့်သူများအတွက် ငါ့ကိုစံနမူနာဖြစ်စေရန်ဖြစ်၏။