Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 8:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဗာလဟာမုန်​အရပ်​တွင် ရှောလမုန်​မင်းကြီး​၏​စပျစ်ခြံ​ရှိ​၏​။ ထို​စပျစ်ခြံ​ကို ခြံလုပ်သား​တို့​လက်​သို့ အပ်ထား​၏​။ သူ​တို့​သည် စပျစ်သီး​ဖိုး ငွေစ​တစ်ထောင်​စီ ဆက်သ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတ ထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ရှော လ မုန် မင်း သည်၊ ဗာ လ ဟာ မုန် ခ ရိုင်၌ ပိုင် ရှိ သော စ ပျစ် ဥ ယျာဉ် ကို၊ ဥ ယျာဉ့် စောင့် တို့ အား၊ အ ငှား ချ ထား သည့် အ တိုင်း၊ အ သီး အ နှံ အ တွက် ငွေ တစ် ထောင် စီ၊ အ သီး သီး ဆက် သွင်း ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဗာ​လ​ဟာ​မုန်​ပြည်၌ ရှော​လ​မုန်​မင်း၏​စ​ပျစ်​ဥ​ယျာဉ်​တော်​တစ်​ဆူ​ရှိ၏။ ဥ​ယျာဉ်​စောင့်​တို့၌​ငှား​သ​ဖြင့် သူ​တို့​သည် အ​သီး​ကို စား​ရ​သည်​အ​တွက် ငွေ​တစ်​ထောင်​စီ​ဆက်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 8:11
11 ပူးပေါင်းရင်းမြစ်များ  

စာရာ​ကို​လည်း “​ကြည့်​လော့​။ သင်​၏​အစ်ကို​အား ငွေစ​တစ်ထောင်​ကို ငါ​ပေး​ပြီ​။ ဤ​ငွေ​သည် သင်​နှင့်အတူ​ရှိ​သော​သူ​အားလုံး​ရှေ့​တွင် သင်​၏​ဂုဏ်သိက္ခာ​ထိန်းသိမ်း​ခြင်း​အတွက်​ဖြစ်​လိမ့်မည်​။ သင်​သည်​လည်း အားလုံး​ရှေ့​၌ အပြစ်ကင်း​ကြောင်း​ထင်ရှား​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


ငါ​သည် ငါ​ပြု​သော​အမှု​များ​ကို တိုးပွား​စေ​၏​။ ငါ့​အတွက် အိမ်​များ​ကို ငါ​တည်ဆောက်​၍ စပျစ်ခြံ​များ​ကို ငါ​စိုက်ပျိုး​၏​။


အကျွန်ုပ်​သည် နေလောင်​ခံရ​၍ အသားမည်း​သဖြင့် အကျွန်ုပ်​ကို မ​ကြည့်​ပါ​နှင့်​။ အကျွန်ုပ်​နှင့်​တစ်မိတည်း​ဖွား​သော​သား​တို့​သည် အကျွန်ုပ်​ကို စိတ်ဆိုး​၍ စပျစ်ခြံစောင့်​အဖြစ် ထား​ပါ​၏​။ ကိုယ့်​စပျစ်ခြံ​ကို​ပင် ကိုယ်​မ​စောင့်​ရ​ပါ​။


“ယောက်ျား​များ​အလယ်​တွင် အကျွန်ုပ်​ချစ်သူ​သည် တော​သစ်ပင်​တို့​အလယ်​မှ ပန်းသီး​ပင်​ကဲ့သို့ ဖြစ်​ပါ​၏​။ သူ့​အရိပ်​၌ ခိုနား​ရ​သည်​ကို အကျွန်ုပ်​အလွန်​နှစ်သက်​ပါ​၏​။ သူ့​အသီး​သည်​လည်း အကျွန်ုပ်​အဖို့ အလွန်​ချိုမြိန်​၍ အရသာ​ရှိ​ပါ​၏​။


စောစောထ​၍ စပျစ်ခြံ​သို့​သွား​ကြ​စို့​။ စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ အပွင့် ပွင့်​မ​ပွင့်​၊ သလဲပင် ပွင့်​မ​ပွင့် သွားကြည့်​ကြ​စို့​။ ထို​နေရာ​တွင် အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို အရှင့်​အား ပေးအပ်​ပါ​မည်​။


အကျွန်ုပ်​ပိုင်​သော စပျစ်ခြံ​သည် အကျွန်ုပ်​ရှေ့​၌ ရှိ​ပါ​၏​။ အို ရှောလမုန်​မင်းကြီး​၊ အရှင်​က ငွေစ​တစ်ထောင်​ယူ​ပါ​။ စပျစ်ခြံလုပ်သား​တို့​ကား ငွေစ​နှစ်ရာ​ယူ​ပါ​။”


ထို​နေ့ရက်​၌ စပျစ်ပင်​တစ်ထောင်​ပါရှိ​သော တစ်ထောင်​တန်​စပျစ်ခြံ​တိုင်း​သည် ချုံတော​၊ ဆူးတော​များ​ဖြစ်သွား​လိမ့်မည်​။


ထို့နောက် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် စပျစ်သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ