အရှင်၏နံ့သာဆီရနံ့သည် အလွန်မွှေးကြိုင်ပါ၏။ အရှင့်နာမသည် ဆွတ်ထားသောနံ့သာဆီကဲ့သို့ မွှေးပါ၏။ ထို့ကြောင့် မိန်းမပျိုတိုင်း အရှင့်ကို ချစ်နှစ်သက်ကြပါ၏။
ရှောလမုန်သီချင်း။ 7:8 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် စွန်ပလွံပင်ပေါ်တက်ပြီး အကိုင်းကိုကိုင်မည်’ဟု ငါဆို၏။ သင့်ရင်သားတို့သည် စပျစ်သီးခိုင်ကဲ့သို့၊ သင်အသက်ရှူထုတ်သောလေသည် ပန်းသီးရနံ့ကဲ့သို့ ဖြစ်ပါစေ။ Common Language Bible သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်းဖြစ်၏။ Garrad Bible စွန် ပ လွံ ပင် ကို တက်၍၊ အ ခက် အ လက် များ ကို ကိုင် မည် ဟု ငါ အောက် မေ့ သည့် အ လျောက်၊ ရင် သား များ သည် စ ပျစ် သီး ပြွတ် ကဲ့ သို့ လည်း ကောင်း၊ ရှူ ထုတ် သော လေ သည် သစ် သော့ သီး ရ နံ့ ကဲ့ သို့ လည်း ကောင်း၊ Judson Bible စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက်တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တစ်ဖန် သင်၏ရင်သားတို့သည် စပျစ်သီးပြွတ်ကဲ့သို့လည်းကောင်း၊ သင်ရှူသောအသက်အနံ့သည် ရှောက်ချိုသီးအနံ့ကဲ့သို့လည်းကောင်း၊ |
အရှင်၏နံ့သာဆီရနံ့သည် အလွန်မွှေးကြိုင်ပါ၏။ အရှင့်နာမသည် ဆွတ်ထားသောနံ့သာဆီကဲ့သို့ မွှေးပါ၏။ ထို့ကြောင့် မိန်းမပျိုတိုင်း အရှင့်ကို ချစ်နှစ်သက်ကြပါ၏။
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
အချစ်နာကျနေသောအကျွန်ုပ်ကို စပျစ်သီးခြောက်ကျွေး၍ အားဖြည့်ပေးပါ၏။ ပန်းသီးကျွေး၍လည်း လန်းဆန်းစေပါ၏။
“အို မြောက်လေ၊ နိုးပါ။ အို တောင်လေ၊ လာပါ။ အကျွန်ုပ်ဥယျာဉ်တွင် တိုက်ခတ်ပါ။ သို့မှ အရှင့်ထံမှအမွှေးနံ့သာတို့ ပျံ့သွားမည်။ အကျွန်ုပ်ချစ်သူသည် မိမိဥယျာဉ်ထဲသို့ လာပါစေ။ အကောင်းဆုံးအသီးကို စားပါစေ။”
သင်၏အရပ်အမောင်းသည် စွန်ပလွံပင်နှင့်တူ၍ ရင်သားတို့သည်လည်း စွန်ပလွံသီးပြွတ်နှင့်တူပါ၏။
သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။