မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
ရှင်ယောဟန် 2:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သုံးရက်မြောက်သောနေ့၌ ဂါလိလဲနယ်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပရာ ယေရှု၏မယ်တော်သည် ထိုနေရာ၌ရှိ၏။ Common Language Bible နောက်နှစ်ရက်ကြာသောအခါဂါလိလဲပြည်၊ ကာနမြို့မှာမင်္ဂလာဆောင်ပွဲကျင်းပရာ သခင်ယေရှု၏မယ်တော်ကြွရောက်၏။- Garrad Bible ထိုနောက်တတိယနေ့၌ ဂါလိလဲနယ်ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကျင်းပ၍ ပွဲထိုင်မယ်တော်ပါသည့်ပြင်၊ Judson Bible သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သုံးရက်မြောက်သော နေ့တွင် ဂါလိလဲပြည်၊ ကာနမြို့၌ မင်္ဂလာဆောင်ပွဲတစ်ခု ကျင်းပလေ၏။ ယေရှု၏မယ်တော်သည် ထိုပွဲ၌ ရှိ၏။ မြန်မာ သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။- |
မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
အိမ်ရာနှင့်စည်းစိမ်ဥစ္စာသည် မိဘဘိုးဘွားတို့ပေးသောအမွေဖြစ်၏။ ပညာသတိရှိသောမယားမူကား ထာဝရဘုရားပေးသနားတော်မူရာဖြစ်၏။
ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြ၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင်“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
ထို့နောက် ယေရှုသည် ရေကိုစပျစ်ဝိုင်ဖြစ်စေခဲ့ရာ ဂါလိလဲနယ်၊ ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ၌ ကပေရနောင်မြို့တွင် မှူးမတ်တစ်ဦးရှိ၍ သူ့သားသည် နာမကျန်းဖြစ်နေ၏။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။