အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။ အကျွန်ုပ်မူကား ဆုတောင်းလျက်နေပါ၏။
ရှင်မာကု 1:35 - မြန်မာ့စံမီသမ္မာကျမ်း နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။ Common Language Bible နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။- Garrad Bible နောက် နေ့ နံ နက် မ တိုင် မီ ကိုယ် တော် သည် နိုး ထ ထွက် သွား ပြီး လျှင် တော အ ရပ် သို့ ကြွ ရောက်၍ ပ ဌ နာ ပြု တော် မူ စဉ်၊ Judson Bible နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်တစ်နေ့နံနက် မိုးမလင်းမီတွင် ယေရှုသည် ထတော်မူပြီးလျှင် ဆိတ်ငြိမ်သောအရပ်သို့ ကြွ၍ ဆုတောင်းတော်မူ၏။ မြန်မာ နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။- |
အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။ အကျွန်ုပ်မူကား ဆုတောင်းလျက်နေပါ၏။
အို ထာဝရဘုရား၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံကို ကိုယ်တော်ကြားတော်မူပါ၏။ နံနက်အချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် တိုးလျှိုးအသနားခံ၍ စောင့်လျက်နေပါမည်။
ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
ယေရှုကလည်း“ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
လူတို့သည်လာ၍ မိမိကိုအတင်းခေါ်ဆောင်သွားပြီး မင်းမြှောက်ရန် ကြံရွယ်နေကြသည်ကို ယေရှုသိတော်မူသဖြင့် တစ်ဖန် တောင်ပေါ်သို့ တစ်ကိုယ်တည်းထွက်သွားတော်မူ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။