Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 1:35 - Common Language Bible

35 နောက်​တစ်​နေ့​မိုး​မ​လင်း​မီ​ကိုယ်​တော်​သည်​အိပ်​ရာ မှ​ထ​တော်​မူ​၏။ ထို​နောက်​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ​ပြီး​လျှင် ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 နောက် နေ့ နံ နက် မ တိုင် မီ ကိုယ် တော် သည် နိုး ထ ထွက် သွား ပြီး လျှင် တော အ ရပ် သို့ ကြွ ရောက်၍ ပ ဌ နာ ပြု တော် မူ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 နံ​နက်​အ​ချိန်၊ မိုး​မ​လင်း​မီ ကိုယ်​တော်​သည် ထ​ပြီး​လျှင် တော​အ​ရပ်​သို့​ထွက်​ကြွ၍ ဆု​တောင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 နောက်တစ်နေ့​နံနက် မိုးမလင်း​မီ​တွင် ယေရှု​သည် ထတော်မူ​ပြီးလျှင် ဆိတ်ငြိမ်သော​အရပ်​သို့ ကြွ​၍ ဆုတောင်းတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 နံ​နက်​အ​ချိန်၊ မိုး​မ​လင်း​မီ ကိုယ်​တော်​သည် ထ​ပြီး​လျှင် တော​အ​ရပ်​သို့​ထွက်​ကြွ၍ ဆု​တောင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 1:35
15 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်း သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။


ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။


ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။-


လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။-


ရှိ​မုန်​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ကိုယ်​တော်​ကို လိုက်​ရှာ​ကြ​၏။-


သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည် အ​တိုင်း​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​၍​ဆု​တောင်း တော်​မူ​၏။


ထို​နောက်​ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တစ်​ည​လုံး​ဘု​ရား သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။-


ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။-


သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။


သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-


ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​စိတ်​သ​ဘော​မျိုး ကို​သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။


ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ