သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ရောမ 4:10 - မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူသနည်း။ အရေဖျားလှီးထားသည့်အခြေအနေ၌လော၊ သို့မဟုတ် အရေဖျားမလှီးထားသည့်အခြေအနေ၌လော။ အရေဖျားလှီးထားသည့်အခြေအနေ၌မဟုတ်ဘဲ အရေဖျားမလှီးထားသည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူ၏။ Common Language Bible ဤသို့အာဗြဟံအားဖြောင့်မတ်သောသူ အဖြစ်ဘုရားသခင်လက်ခံတော်မူသည့် အချိန်မှာ အာဗြဟံအရေဖျားလှီးမင်္ဂလာ ခံပြီးမှလော။ မခံရသေးမီကလော။ ခံပြီး မှမဟုတ်။ မခံရသေးမီကဖြစ်၏။- Garrad Bible မည် သို့ မှတ် တော် မူ သ နည်း။ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး မှ လော။ မ ခံ မီ လော။ ခံ ပြီး မှ မ ဟုတ်။ မ ခံ မီ ပင် တည်း။ Judson Bible ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဆိုသော် မည်သို့သောအခြေအနေတွင် သတ်မှတ်သနည်း။ အရေပြားလှီးခြင်းမင်္ဂလာကို သူခံယူပြီးမှလော။ မခံယူမီကလော။ ခံယူပြီးမှ မဟုတ်။ မခံယူမီကပင် သတ်မှတ်ခြင်းခံရ၏။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ နောင်လာမည့်သင်၏သားစဉ်မြေးဆက်ကြား၌လည်းကောင်း သင်တို့စောင့်ထိန်းရမည့် ငါ၏ပဋိညာဉ်ကား ဤသို့တည်း။ သင်တို့တွင်ရှိသောယောက်ျားတိုင်း အရေဖျားလှီးခြင်းကိုခံရမည်။
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
သို့ဖြစ်လျှင် ဤမင်္ဂလာသည် အရေဖျားလှီးထားသောသူအတွက်သာ ဖြစ်သလော၊ သို့မဟုတ် အရေဖျားမလှီးသောသူအတွက်လည်း ဖြစ်သလော။ “အာဗြဟံအတွက် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ငါတို့ဆိုကြသောအခါ
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။