အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 51:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘေဘီလုံ​မြို့​သည် ထာဝရဘုရား​၏​လက်​တော်​၌​ကိုင်ထား​သော ရွှေ​ဖလား​ဖြစ်​၏​။ မြေ​တစ်ပြင်လုံး​ကို ယစ်မူး​စေ​၏​။ လူမျိုးတကာ​တို့​သည် ထို​ဖလား​မှ​စပျစ်ဝိုင်​ကို​သောက်​ကြ​သဖြင့် မူးရူး​သော​လူမျိုး​များ ဖြစ်​ကြ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဗာ ဗု လုန် မြို့ သည် ထာ ဝ ရ ဘု ရား၏ လက် တော် ဝယ် ရွှေ ဖ လား အ ဖြစ်၊ မြေ တစ် ပြင် လုံး မူး ယစ် စေ ဖူး သည့် အ လျောက်၊ ထို စပျစ် ရည် ကို လူ မျိုး ခြား တို့ သောက် သ ဖြင့်၊ ရူး သွပ် ရာ ရောက် ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ဗာ​ဗု​လုန်​မြို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကိုင်​တော်​မူ၍ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ယစ်​မူး​စေ​သော ရွှေ​ဖ​လား​ဖြစ်၏။ ထို​ဖ​လား၌​ပါ​သော စ​ပျစ်​ရည်​ကို လူ​အ​မျိုး​မျိုး​တို့​သည် သောက်၍ အ​ရူး​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 51:7
16 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဘေဘီလုံ​ဘုရင်​အား “​ညှဉ်းဆဲ​တတ်​သော​သူ​သည် အဆုံးသတ်​လေ​ပြီ​တကား​။ သူ​၏​ဒေါသမီး​သည်​လည်း ချုပ်ငြိမ်း​လေ​ပြီ​တကား​”​ဟု ပြောင်လှောင်​သော​စကား​ကို​ဆို​လိမ့်မည်​။


ထိုအခါ သင်​က သူ​တို့​အား “​ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ငါ​သည် ဤ​ပြည်​၌​နေထိုင်​သော​သူ​အားလုံး​အပါအဝင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သော​ရှင်ဘုရင်​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဂျေရုဆလင်​မြို့သား​အားလုံး​တို့​ကို ယစ်မူး​သော​သူ​ဖြစ်​စေ​မည်​။


ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


ထို​ပြည်​သည် ရုပ်တု​ပေါများ​ရာ​ပြည်​ဖြစ်​၏​။ ရုပ်တု​များ​ကို အရူးအမူး​စွဲလမ်း​ကြ​၏​။ ထို့ကြောင့် ထို​ပြည်​၌ မိုးခေါင်​လေ​ပြီ​၊ ရေ​များ​ခန်းခြောက်​လေ​ပြီ​။


ထို​နေရာ​တွင် ပျော်ပါး​နေ​သော​လူအုပ်​ကြီး ဆူညံ​နေ​၏​။ တောကန္တာရ​မှ သေသောက်ကြူး​သော သာမန်​ယောက်ျား​သား​တို့​သည် သူ​တို့​လက်​တွင် လက်ကောက်​များ​၊ သူ​တို့​ခေါင်း​တွင် တင့်တယ်​သော​သရဖူ​များ​ကို ဆင်ယင်​ပေး​ကြ​လေ​ပြီ​။


ထို​ရုပ်တု​၏​ဦးခေါင်း​မှာ ရွှေ​စင်​၊ ရင်ဘတ်​နှင့်​လက်မောင်း​မှာ ငွေ​၊ ဗိုက်​နှင့်​ပေါင်​မှာ ကြေးနီ​၊


အရပ်ရပ်​ရှိ​လူသား​များ​၊ တောတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​ကို အရှင်မင်းကြီး​လက်​သို့ အပ်​တော်မူ​သဖြင့် အရှင်မင်းကြီး​သည် အလုံးစုံ​ကို အုပ်စိုး​ရ​ပါ​၏​။ ရုပ်တု​၏​ရွှေ​ဦးခေါင်း​သည် အရှင်မင်းကြီး​ပင် ဖြစ်​ပါ​၏​။


ထို့နောက် ဒုတိယ​ကောင်းကင်​တမန်​သည် လိုက်​လာ​၍ “မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့် သက်ရောက်​သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို လူမျိုး​တကာ​တို့​အား​တိုက်​သော ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ”​ဟု ကြွေးကြော်​၏။


ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ပြီး ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည်​လည်း သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​စပျစ်​ဝိုင်​ဖြင့် ယစ်မူး​ကြ​၏”​ဟု မြွက်ဆို​ပြီးလျှင်


ထို​မိန်းမ​သည် ခရမ်းရောင်​နှင့် နီမြန်း​သော​အရောင်​တို့​ကို ဝတ်ဆင်​ထား​လျက် ရွှေ၊ ကျောက်မျက်​ရတနာ​နှင့် ပုလဲ​တို့​ဖြင့် တန်ဆာဆင်​ထား​ကာ သူ​၏​လက်​၌ ရွံရှာ​ဖွယ်​ရာ​များ​နှင့် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၏​ညစ်ညူး​သော​အရာ​များ​ဖြင့်​ပြည့်​နေ​သော ရွှေ​ခွက်​ကို ကိုင်​ထား​၏။


ဆီမီး​၏​အလင်း​ကို​လည်း သင့်​အထဲ၌ လုံးဝ​ထွန်းလင်း​တော့မည်​မ​ဟုတ်။ မင်္ဂလာဆောင်​သတို့သား​နှင့်​သတို့သမီး​တို့​၏​အသံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား သင်​၏​ကုန်သည်​တို့​သည် ကမ္ဘာ​မြေကြီး​၏​မှူးကြီးမတ်ရာ​များ​ဖြစ်​ကြ​၏။ လူမျိုး​တကာ​တို့​သည်​လည်း သင်​၏​ပြုစား​ခြင်း​ဖြင့် လှည့်ဖြား​ခြင်း​ကို​ခံ​ခဲ့​ရ​ကြ​၏။


အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို​သောက်​ကြ​၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ကာ ကမ္ဘာ​မြေကြီး​၏​ကုန်သည်​တို့​သည်​လည်း သူ​၏​လွန်ကျူး​သော​ဇိမ်ခံ​ခြင်း​အရှိန်အဝါ​အားဖြင့် ချမ်းသာ​လာ​ကြ​၏”​ဟု ဆို​၏။


အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။