ဒေဒန်ပြည်သားများ၊ တေမပြည်သားများ၊ ဗုဇပြည်သားများနှင့် နားသယ်မွေးရိတ်လေ့ရှိသောပြည်သားအားလုံး
ယေရမိ 49:32 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။ Common Language Bible ``သူတို့၏ကုလားအုတ်မှစ၍တိရစ္ဆာန် အပေါင်းကိုယူကြလော့။ ငါသည်ဆံပင် ဖြတ်သူတို့ကိုအရပ်တကာသို့ကွဲလွင့်စေ၍ အရပ်ရပ်မှဘေးအန္တရာယ်ဆိုးနှင့်တွေ့ကြုံ စေမည်။- Garrad Bible ချင်း တို့၏ မြောက် မြား သော နွား၊ သိုး၊ ဆိတ် နှင့် ကု လား အုပ် တို့ သည်၊ လက် ရ သိမ်း ယူ ရာ ဖြစ် လျက်၊ န ဖူး ထိပ် ဆံ ရိတ် သော ထို လူ မျိုး အ ပေါ် တွင်၊ ဘေး ဥ ပဒ် ကို အ ဘက် ဘက် က ငါ သင့် စေ သ ဖြင့်၊ လေး မျက် နှာ သို့ ကွဲ လွင့် စေ မည့် အ လျောက်၊ Judson Bible သူတို့ကုလားအုတ် အစရှိသောတိရစ္ဆာန်အပေါင်းတို့သည် လုယူရာ ဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ်သော လူမျိုးကို အရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ်တို့မှ သူတို့၌ ဘေးဥပဒ်ကို ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
ဒေဒန်ပြည်သားများ၊ တေမပြည်သားများ၊ ဗုဇပြည်သားများနှင့် နားသယ်မွေးရိတ်လေ့ရှိသောပြည်သားအားလုံး
ကောင်းကင်အရပ်လေးမျက်နှာမှ လေလေးမျိုးကို ဧလံပြည်သို့ဆောင်ခဲ့၍ ဧလံပြည်သားတို့ကို ထိုလေတို့နှင့်အတူ ကွဲလွင့်ပါသွားစေမည်။ နှင်ထုတ်ခံရသောဧလံပြည်သားများ မရောက်သည့်တိုင်းနိုင်ငံဟူ၍ ရှိမည်မဟုတ်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ကိုယ်ကာယအရေဖျားလှီးခြင်းကိုသာခံသောသူရှိသမျှအား အပြစ်ဒဏ်ပေးမည့်နေ့ရက် ရောက်လာမည်။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။