ဘုရားသခင်သည် ထိုအလင်းအိမ်များကို မိုးကောင်းကင်မျက်နှာကြက်၌ ထားတော်မူ၍ မြေကြီးကိုအလင်းပေးစေ၏။
ယေရမိ 33:25 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘ငါသည် နေ့နှင့်ညအတွက် ပဋိညာဉ်မဖွဲ့ထားခဲ့လျှင်၊ ကောင်းကင်နှင့်မြေကြီးအတွက် ပြဋ္ဌာန်းချက် မစီရင်ထားခဲ့လျှင် Common Language Bible သို့ရာတွင်ငါထာဝရဘုရားသည်နေ့နှင့် ညဥ့်တို့နှင့်ပဋိညာဉ်ပြုကာ ကမ္ဘာမိုးမြေကို ထိန်းချုပ်ရန်အတွက်ဋ္ဌမ္မတာတရားကို ဖန်တီး၍ထား၏။- Garrad Bible ငါ ထာ ဝ ရ ဘု ရား က၊ နေ့ ညဉ့် နှင့် ဆိုင် ရာ ပ ဋိ ညာဉ် တော် မ တည် လျှင်လည်း ကောင်း၊ မိုး မြေ၏ ဓ မ္မ တာ တ ရား ကို ငါ မ စီ မံ လျှင်လည်း ကောင်း၊ Judson Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ နေ့နှင့် ညအဖို့ ငါ၏ပဋိညာဉ် မရှိလျှင်လည်းကောင်း၊ မိုးကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်လည်းကောင်း၊ |
ဘုရားသခင်သည် ထိုအလင်းအိမ်များကို မိုးကောင်းကင်မျက်နှာကြက်၌ ထားတော်မူ၍ မြေကြီးကိုအလင်းပေးစေ၏။
မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
ကိုယ်တော်သည် အချိန်အခါများအတွက် လကိုဖန်ဆင်းတော်မူ၏။ နေသည် မိမိဝင်ရမည့်အချိန်ကိုသိ၏။
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏အသုံးတော်ခံများဖြစ်၍ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ ယနေ့တိုင်အောင် တည်မြဲလျက်ရှိကြပါ၏။
ကိုယ်တော်သည် ၎င်းတို့ကို ကာလအစဉ်အဆက်တည်စေ၍ မပျောက်ပျက်နိုင်သောပြဋ္ဌာန်းချက်ကို ပေးတော်မူ၏။
“ထာဝရဘုရားက ‘နေ့နှင့်ညတို့ သူ့အချိန်နှင့်သူ ရောက်မလာအောင် နေ့နှင့်ဆိုင်သောပဋိညာဉ်၊ ညနှင့်ဆိုင်သောပဋိညာဉ်ကို သင်တို့ချိုးဖောက်နိုင်လျှင်