အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 31:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​က “​ရာမ​မြို့​၌ မြည်တမ်း​သံ​၊ ခါးသီး​စွာ​ငိုကြွေး​သံ​ကို​ကြား​ရ​၏​။ ရာခေလ​သည် မိမိ​၏​သား​များ​ကြောင့် ငိုကြွေး​၏​။ သူ​၏​သား​များ​မ​ရှိ​တော့​သဖြင့် နှစ်သိမ့်​ပေး​ကြ​သည်​ကို လက်မခံ​ပြီ​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က၊ ``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။ သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား က၊ ရာ မ မြို့ ၌ မြည် တမ်း သံ၊ သည်း စွာ ငို ကြွေး သံ ကို ကြား ရ ၏။ ရာ ခေ လ သည် သား သ မီး တို့ အ တွက် ငို ကြွေး ၍၊ ဆုံး ပါး ကြ သော ကြောင့်၊ နှစ် သိမ့် ခြင်း ကို မ ခံ လို ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရာ​မ​အ​ရပ်၌ သည်း​စွာ​သော ညည်း​တွား​ငို​ကြွေး​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့​မ​ရှိ​သော​ကြောင့်၊ ငို၍ စိတ်​မ​ပြေ​နိုင်။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 31:15
18 ပူးပေါင်းရင်းမြစ်များ  

ရာခေလ​သည် သေဆုံး​၍ ဗက်လင် ခေါ် ဧဖရတ်​မြို့​သို့​သွား​ရာ​လမ်း​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။


သူ​၏​သား​သမီး​အပေါင်း​တို့​သည် သူ့​ကို ကြိုးစား​၍​နှစ်သိမ့်​ကြ​၏​။ သို့သော် သူ​သည် နှစ်သိမ့်​ခြင်း​ကို​ငြင်းဆန်​လျက် “​အကယ်စင်စစ် ငါ​သည် ငါ့​သား​ရှိ​ရာ​မရဏာနိုင်ငံ​သို့ ငိုကြွေးမြည်တမ်း​လျက် ဆင်းသွား​တော့​မည်​”​ဟု ဆို​၏​။ ထိုသို့ ယောသပ်​၏​ဖခင်​သည် သား​ကြောင့်​ငိုကြွေး​လေ​၏​။


ထိုအခါ သူ​တို့​က “​သခင့်​အစေအပါး​ဖြစ်​သော​အကျွန်ုပ်​တို့​သည် ခါနာန်​ပြည်​က ဖခင်​တစ်ဦးတည်း​၏​သား​များ​ဖြစ်​ကြ​၍ ညီအစ်ကို​တစ်ဆယ့်​နှစ်​ယောက်​ရှိ​ပါ​၏​။ အငယ်ဆုံး​သည် ယခု အကျွန်ုပ်​တို့​ဖခင်​နှင့်အတူ​နေ​ခဲ့​ပါ​၏​။ ကျန်​တစ်​ယောက်​ကား မ​ရှိ​တော့​ပါ​”​ဟု လျှောက်​ကြ​၏​။


သူ​တို့​၏​ဖခင်​ယာကုပ်​က သူ​တို့​အား “​သင်​တို့​သည် ငါ့​ကို သားဆုံးရှုံး​အောင်​ပြု​ကြ​ပြီ​။ ယောသပ်​လည်း​မ​ရှိ​တော့​ပြီ​။ ရှိမောင်​လည်း​မ​ရှိ​တော့​ပြီ​။ ဗင်္ယာမိန်​ကို​လည်း သင်​တို့​ယူသွား​လို​ကြ​၏​။ ဤ​အမှု​အားလုံး​သည် ငါ​၌ ဖြစ်လာ​ကြ​ပါ​ပြီ​တကား​”​ဟု ဆို​လေ​၏​။


ဧနောက်​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ ဘုရားသခင်​သည် သူ့​ကို​ဆောင်ယူ​တော်မူ​သောကြောင့် သူ​သည်​မ​ရှိ​တော့​ပေ​။


အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။


သို့သော် သူ​သည်​ကွယ်ပျောက်​သွား​၏​။ ကြည့်ရှု​လော့​။ သူ​မ​ရှိ​တော့​ပေ​။ သူ့​ကို ငါ​ရှာ​သော်လည်း မ​တွေ့​ရ​တော့​ပေ​။


ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ဘုရားရှင်​ကို​ငါ​ရှာ​၏​။ ညအချိန်​၌ ငါ​၏​လက်​တို့​ကို လက်ပန်း​မ​ကျ​စေ​ဘဲ ဆန့်တန်း​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် နှစ်သိမ့်ပေး​ခြင်း​ကို ငြင်းပယ်​၏​။


သူ​တို့​သည် တောင်ကြားလမ်း​ကို​ဖြတ်​၍ ဂေဗ​မြို့​၌ စခန်းချ​ကြ​၏​။ ရာမ​မြို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ရှိ​၏​။ ရှောလု​မင်းကြီး​စံမြန်း​ရာ ဂိဗာ​မြို့​သည် ထွက်ပြေး​ပြီ​။


“​ငါ့​ကို​မကြည့်​ကြ​နှင့်​။ အားရပါးရ​ငိုကြွေး​ပါရစေ​။ ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သည်​ဖြစ်၍ ငါ့​ကို​နှစ်သိမ့်​ဖို့ မ​ကြိုးစား​ကြ​နှင့်​”​ဟု ငါ​ဆို​၏​။


ငါ့​တဲ​သည် ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ကြိုး​ရှိသမျှ​တို့​သည် ပြတ်​လေ​ပြီ​။ ငါ့​သား​တို့​သည်​လည်း ငါ့​ထံမှ​ထွက်သွား​ကြ​ပြီ​။ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။ ငါ့​တဲ​ကို ပြန်ဆောက်​မည့်​သူ​၊ ရွက်ထည်​များ​ကို​ကာ​မည့်​သူ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။


ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​နှင့်အတူ ယေရမိ​လည်း ကြိုး​နှင့်​ချည်နှောင်​ခံရ​လျက် ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ ရာမ​မြို့​သို့​ရောက်​သောအခါ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​က သူ့​ကို​ပြန်လွှတ်​ပေး​ပြီးနောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။


အကျွန်ုပ်​တို့​ဘိုးဘေး​တို့​သည် အပြစ်ပြု​ပြီး သေဆုံး​သွား​ကြ​ပြီ​။ သူ​တို့​၏​အပြစ်ဝန်​ကို အကျွန်ုပ်​တို့ ထမ်း​ရ​ကြ​ပါ​ပြီ​။


ငါ့​ရှေ့​တွင် ထို​စာလိပ်​ကို ဖြန့်ပြ​သောအခါ စာလိပ်​နှစ်ဖက်စလုံး​တွင် ငိုကြွေး​မြည်တမ်း​ခြင်း​အကြောင်း​များ​၊ အမင်္ဂလာ​အကြောင်း​များ ရေးသား​ထား​သည်​ကို ငါ​တွေ့​ရ​၏​။


ဂိဗောင်​မြို့​၊ ရာမ​မြို့​၊ ဗေရုတ်​မြို့​၊


သူ​သည် ရာမ​မြို့​နှင့် ဗေသလ​မြို့​အကြား​၊ ဧဖရိမ်​တောင်​ပေါ်ရှိ ဒေဗောရ​စွန်ပလွံပင်​အောက်​၌ နေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စီရင်ဆုံးဖြတ်ချက်​ခံယူ​ရန် သူ့​ထံသို့​လာ​ကြ​၏​။


ထို့နောက် မိမိ​အိမ်​ရှိ​ရာ ရာမ​မြို့​သို့​ပြန်လာ​ပြီး ထို​မြို့​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ ထို​မြို့​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​လည်း တည်​ထား​လေ​၏​။