အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 15:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​သား​ခုနစ်​ယောက်​မိခင်​သည် အားလျော့​၍ အသက်ငင်​လေ​ပြီ​။ နေ့​အချိန်​၌ပင် သူ့​ဘဝ​နေဝင်ချိန်​ရောက်​လေ​ပြီ​။ သူ​သည် အရှက်ကွဲ​သော​သူ​၊ မျက်နှာပျက်​သော​သူ ဖြစ်​ရ​လေ​ပြီ​။ သူ​တို့​ထဲမှ​ကြွင်းကျန်​သော​သူ​တို့​ကို​လည်း သူ​တို့​ရန်သူ​တို့​၏​ဓား​ဖြင့် ဆုံး​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သား​သ​မီး​ခု​နစ်​ယောက်​ဆုံး​ရှုံး​ရ​သည့်​မိ​ခင်​သည် မေ့​မြော​သေ​ဆုံး​သွား​လေ​ပြီ။ သူ​၏​နေ့​အ​လင်း​သည်​မှောင်​မိုက်​သို့​ပြောင်း​လဲ လေ​ပြီ။ သူ​သည်​အ​ရှက်​ရ​လျက်​မှိုင်​တွေ​ကာ​နေ​ရ​လေ​ပြီ။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အား​ငါ​သည် ရန်​သူ​များ​ကို​အ​သတ်​ခိုင်း​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။''

အခန်းကိုကြည့်ပါ။

Garrad Bible

သား ခု နစ် ယောက် တို့ အ မိ သည် အ ကျိုး ယုတ် ရှက် ကွဲ လျက်၊ အား လျော့ မူး မော် လေ ပြီ။ နေ့ အ ချိန် ရှိ သေး လျက် ပင်၊ ထို အ မိ၌ နေ ဝင် ရှာ၏။ အ ကြွင်း အ ကျန် ကို လည်း၊ ရန် သူ တို့ ဓား ဘေး သို့ ငါ အပ် နှင်း မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို ရန်၊ ငါ့ အား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 15:9
14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် မှော်အတတ်​မည်မျှပင်​တတ်​သော်လည်း​၊ သင်​၏​ဂါထာမန္တန်​မည်မျှပင်​စွမ်း​သော်လည်း သားသမီး​ဆုံးရှုံး​ခြင်း​၊ မုဆိုးမ​ဖြစ်​ခြင်း နှစ်မျိုးလုံး​သည် တစ်နေ့တည်း တစ်ခဏချင်း​တွင် သင့်​ထံ​ရောက်လာ​မည်​။ မလွဲမသွေ​ရောက်လာ​မည်​။


ဤ​အရပ်​၌ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​၏​အကြံအစည်​များ​ကို ပျက်ပြား​စေ​မည်​။ သူ​တို့​ကို ရန်သူ​တို့​ရှေ့​တွင် ဓား​ဖြင့်​ကျဆုံး​စေ​မည်​။ သူ​တို့​၏​အသက်​ကို ရန်ရှာ​သော​သူ​တို့​လက်​ဖြင့် ကျဆုံး​စေ​မည်​။ အလောင်းကောင်​တို့​ကို မိုးကောင်းကင်​ငှက်​နှင့် မြေ​တိရစ္ဆာန်​တို့​အတွက် အစာ​ဖြစ်​စေ​မည်​။


တစ်ဖန် ထာဝရဘုရား​က ‘ကပ်ရောဂါ​ဘေး​၊ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​မှ အသက်ရှင်​ကျန်ရစ်​သော ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​များ​၊ မြို့သူမြို့သား​များ​ကို သူ​တို့​အသက်​ကို​ရန်ရှာ​သော​၊ သူ​တို့​၏​ရန်သူ​ဖြစ်​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​လက်​ထဲသို့ ငါ​အပ်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ ဓား​ဖြင့် ကွပ်မျက်​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု လျှောက်ဆို​ရ​မည်​။


ကြည့်ရှု​လော့​။ သူ​တို့​ကို အကောင်း မ​ဟုတ်​၊ အဆိုး​ပြု​ရန် ငါ​ကြည့်​နေ​၏​။ အီဂျစ်​ပြည်​ရှိ ယုဒ​လူမျိုး​အပေါင်း​တို့ တစ်ယောက်မကျန် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ဖျက်ဆီး​ခြင်း​ခံရ​မည်​။


သင်​တို့​အမိ​သည် အရှက်တကွဲ​အကျိုးနည်း ဖြစ်​ရ​လိမ့်မည်​။ သင်​တို့​ကို မွေးဖွား​သော​အမိ​သည် မျက်နှာပျက်​ရ​လိမ့်မည်​။ ကြည့်ရှု​လော့​။ တိုင်းနိုင်ငံ​တို့​တွင် သင်​တို့​သည် အသိမ်ငယ်ဆုံး​သော​နိုင်ငံ​၊ တောကန္တာရ​၊ ခြောက်သွေ့​သော​လွင်ပြင် ဖြစ်​လိမ့်မည်​။


ဇိအုန်​မြို့​ကို စစ်တိုက်​ရန် ပြင်ဆင်​ကြ​။ ထ​ကြ​။ မွန်းတည့်ချိန်​၌ စစ်ချီ​ကြ​စို့​။ အလို ငါ​တို့​ခက်​ပြီ​။ ညနေစောင်း​ပြီ​။ နေဝင်​တော့​မည်​။ နေ့​အချိန်​ကုန်လွန်​ပြီ​။


ဤသို့​ပြု​ခြင်း​မှာ ငါ့​ကို အမျက်ထွက်​စေ​သည်​မ​ဟုတ်​ဘဲ သူ​တို့​ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲ​ကြ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။


သနားကြင်နာ​တတ်​သော​မိန်းမ​များ​ပင်လျှင် မိမိ​ရင်သွေး​များ​၏​အသား​ကို ချက်ပြုတ်စား​ကြ​ပြီ​။ ငါ့​လူမျိုး​သမီးပျို​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သူ​တို့​ရင်သွေး​သည် သူ​တို့​အတွက် စားစရာ​ဖြစ်​လေ​ပြီ​။


လူ​သုံးပုံတစ်ပုံ​သည် ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သင်​တို့​အလယ်​တွင် သေကျေ​ပျက်စီး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် ဓားဘေး​ဖြင့် သင်​တို့​ပတ်ပတ်လည်​တွင်​ကျဆုံး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​သွား​မည်​။ ငါ​သည် ဓား​ကို​ထုတ်​၍ သူ​တို့​နောက်​ကို​လိုက်​မည်’​ဟု မိန့်​တော်မူ​၏​။


‘သို့မှ ငါ့​အမျက်ပြေ​မည်​။ သူ​တို့​ကို အမျက်ဒဏ်​ခံ​စေ​ပြီးမှ ငါ့​စိတ်ချင်ရဲပြေ​မည်​။ ငါ့​အမျက်​ငြိမ်း​ပြီးမှ ငါ​ထာဝရဘုရား စိတ်အားကြီး​စွာ​ဖြင့် မိန့်ဆို​ခဲ့​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်မည်​။


ကြွယ်ဝ​သော​သူ​တို့​သည် စားသောက်​ရ​ဖို့ သူရင်းငှား လုပ်​ရ​လေ​ပြီ​။ ဆာလောင်မွတ်သိပ်​သော​သူ​တို့​မူကား ဝလင်​ကြ​ပြီ​။ မြုံ​သော​မိန်းမ​သည် ခုနစ်​ကြိမ်​တိုင်အောင် သားဖွား​ခွင့်​ရ​ပြီ​။ သား​များစွာ​ဖွား​ခဲ့​သော​မိန်းမ​မူကား အားယုတ်​လေ​ပြီ​။