သင်၏လူတို့သည် ဓားဖြင့်လည်းကောင်း၊ သင်၏စစ်သူရဲသည် စစ်ပွဲ၌လည်းကောင်း ကျဆုံးကြလိမ့်မည်။
ယေရမိ 15:8 - မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။ Garrad Bible ချင်း တို့ မု ဆိုး မ များ သည်၊ သ မု ဒ္ဒ ရာ သဲ လုံး ထက် များ ရှာ လေ ပြီ။ မွန်း တည့် အ ချိန်၌ ပင်၊ သား လူ ပျို တို့ နှင့် အ မိ ပါ၊ ဖျက် ဆီး အံ့ သော ရန် သူ့ ကို ရောက် စေ လျက်၊ ချောက် လှန့် သော ဘေး ဥ ပဒ် ကို ရှောင် တ ခင် ငါ သင့် စေ ပြီ။ Judson Bible သူတို့မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာများပြားကြလိမ့်မည်။ မွန်းတည့်အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကိုငါခေါ်ခဲ့၍၊ ကြောက်မက်ဖွယ်သောလုပ်ကြံခြင်းကို ချက်ချင်းဖြစ်စေမည်။ |
သင်၏လူတို့သည် ဓားဖြင့်လည်းကောင်း၊ သင်၏စစ်သူရဲသည် စစ်ပွဲ၌လည်းကောင်း ကျဆုံးကြလိမ့်မည်။
ဇိအုန်မြို့တံခါးတို့သည် ညည်းတွား၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဇိအုန်မြို့သည် လူသူကင်းမဲ့လိမ့်မည်။ မြေကြီးပေါ်ထိုင်ရလိမ့်မည်။
ထိုနေ့ရက်၌ မိန်းမခုနစ်ယောက်သည် ယောက်ျားတစ်ယောက်ကိုဖမ်းဆွဲလျက် “ကျွန်မတို့သည် ကိုယ့်အစာကိုယ်စားပါမည်။ ကိုယ့်အဝတ်ကိုယ်ဝတ်ပါမည်။ ကျွန်မတို့ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန် ကျွန်မတို့ကို သင့်နာမည်ဖြင့်ခေါ်သောအခွင့်ကိုသာ ပြုပါ”ဟု ဆိုကြလိမ့်မည်။
အကြောင်းမူကား ဤအရပ်၌မွေးဖွားသော သားသမီးများ၊ ဤပြည်၌ သူတို့ကိုမွေးဖွားသောသူတို့၏မွေးမိခင်၊ သူတို့၏မွေးဖခင်များနှင့်ပတ်သက်၍ ထာဝရဘုရားက
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
လက်နက်ကိုယ်စီပါသော အဖျက်သမားများကို သင့်ထံသို့ ငါစေလွှတ်မည်။ သူတို့သည် သင်တို့၏အကောင်းဆုံးသစ်ကတိုးပင်များကို ခုတ်လှဲ၍ မီးထဲသို့ ပစ်ချကြလိမ့်မည်။
“လူမျိုးတကာတို့အား အသိပေးလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ မြို့ကိုဝိုင်းထားမည့်သူတို့သည် ဝေးသောပြည်မှလာနေပြီ။ ယုဒပြည်ရှိမြို့များကို စစ်ငြာသံပေးကြပြီ။
ထို့ကြောင့် တောထဲမှခြင်္သေ့သည် သူတို့ကို တိုက်ခိုက်လိမ့်မည်။ သဲကန္တာရမှဝံပုလွေသည် သူတို့ကိုဖျက်ဆီးလိမ့်မည်။ ကျားသစ်သည် သူတို့၏မြို့များကို ချောင်းမြောင်းလိမ့်မည်။ မြို့ထဲမှထွက်လာသောသူအပေါင်းတို့သည် တစ်စစီကိုက်ဖြတ်ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူတို့ကျူးလွန်သောအပြစ်သည် များပြား၏။ သူတို့၏ဖောက်ပြန်သွေဖည်မှုသည် မရေမတွက်နိုင်။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
အကျွန်ုပ်တို့သည် ဖခင်မရှိသော ဖတဆိုးများဖြစ်ကြပြီ။ မိခင်သည်လည်း မုဆိုးမ ဖြစ်ရလေပြီ။
ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။
သင်သည် နေ့အချိန်၌ ခလုတ်တိုက်လဲလိမ့်မည်။ ညအချိန်တွင် ပရောဖက်သည်လည်း သင်နှင့်အတူ ခလုတ်တိုက်လဲလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
အကြောင်းမူကား ထိုနေ့ရက်သည် မြေတစ်ပြင်လုံး၌နေထိုင်သူအပေါင်းတို့အပေါ်သို့ သက်ရောက်လာလိမ့်မည်။