သူတို့သည် သံမီးပြင်းဖိုအီဂျစ်ပြည်ထဲမှ ကိုယ်တော်ခေါ်ထုတ်တော်မူခဲ့သော ကိုယ်တော်၏အမွေခံလူမျိုးတော်ဖြစ်ပါသည်။
ယေဇကျေလ 43:16 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကိုယ်ထည်သည် စတုရန်းပုံရှိ၍ အလျားတစ်ဆယ့်နှစ်တောင်၊ အနံတစ်ဆယ့်နှစ်တောင်ရှိရမည်။ Common Language Bible ယဇ်ပလ္လင်၏ထိပ်သည်စတုရန်းပုံသဏ္ဌာန် ဖြစ်၍အလျားအနံပေနှစ်ဆယ်စီရှိ၏။- Garrad Bible စ တု ရန်း ဖြစ် သော ထို သင် ပုဒ် ပ လ္လင် သည်၊ အ လျား အ နံ ဆယ့် နှစ် တောင် စီ အ ဆင့် ကြီး သည်၊ အ လျား အ နံ ဆယ့် လေး တောင် စီ ရှိ ရ မည်။ Judson Bible ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တစ်ဆယ်နှစ်တောင်၊ အနံလည်း တစ်ဆယ်နှစ်တောင် ရှိရမည်။ |
သူတို့သည် သံမီးပြင်းဖိုအီဂျစ်ပြည်ထဲမှ ကိုယ်တော်ခေါ်ထုတ်တော်မူခဲ့သော ကိုယ်တော်၏အမွေခံလူမျိုးတော်ဖြစ်ပါသည်။
ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
သူတို့သည် ပြည်သားတို့ကိုကြောက်ရွံ့လျက်နှင့်ပင် ယဇ်ပလ္လင်ကို မူလနေရာ၌ တည်ဆောက်ကြ၏။ ထို့နောက် နံနက်အချိန်၊ နေဝင်ချိန်တို့၌ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်များကို ပူဇော်ကြ၏။
ယဇ်ပလ္လင်ကို အကေရှားသစ်သားဖြင့် လုပ်ရမည်။ ထိုယဇ်ပလ္လင်သည် အလျားငါးတောင်၊ အနံငါးတောင် စတုရန်းပုံဖြစ်၍ အမြင့်သုံးတောင်ရှိရမည်။
အရေလမြို့၊ အရေလမြို့၊ ဒါဝိဒ်မင်းကြီးစခန်းချရာမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပြီးတစ်နှစ် ထပ်၍ထပ်၍ ပွဲတို့ကို အလှည့်ကျကျင်းပကြပါစေဦး။