Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 27:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယဇ်ပလ္လင်​ကို အကေရှား​သစ်သား​ဖြင့် လုပ်​ရ​မည်​။ ထို​ယဇ်ပလ္လင်​သည် အလျား​ငါး​တောင်​၊ အနံ​ငါး​တောင် စတုရန်း​ပုံ​ဖြစ်​၍ အမြင့်​သုံး​တောင်​ရှိ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ``အ​ကာ​ရှ​သစ်​သား​ဖြင့်​ယဇ်​ပလ္လင်​ကို​ပြု​လုပ် လော့။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ်​ပေ​ခွဲ၊ အ​နံ ခု​နစ်​ပေ​ခွဲ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အ မြင့် သုံး တောင်၊ အ လျား ငါး တောင်၊ အ နံ ငါး တောင်၊ စ တု ရန်း ဖြစ် သော ပူ ဇော် ရာ ပလ္လင် တော် ကို ရှား သား နှင့် လုပ် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော ယဇ်​ပ​လ္လင်​ကို၊ အ​ကာ​ရှ​သား​နှင့် လုပ်​ရ​မည်။ အ​မြင့်​လည်း သုံး​တောင်​ရှိ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 27:1
20 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​တွင် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​၍ “ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​သို့ တက်သွား​၍ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​လော့​”​ဟု ဆို​၏​။


ရှင်ဘုရင်​သည် အိမ်​တော်​အရှေ့​ရှိ ထို​ယဇ်ပလ္လင်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​ကြား​တွင်​ရှိ​သော ထာဝရဘုရား​ရှေ့​တော်​မှ​ကြေးနီ​ယဇ်ပလ္လင်​ကို ယူဆောင်​သွား​ပြီး ထို​ယဇ်ပလ္လင်​၏​မြောက်ဘက်​တွင် ထား​လိုက်​၏​။


အာရုန်​နှင့်​သူ​၏​သားမြေး​တို့​မူကား ဘုရားသခင်​၏​အစေအပါး​မောရှေ မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် နံ့သာပေါင်း​ယဇ်ပလ္လင်​တို့​တွင် မီးရှို့ပူဇော်​ခြင်း​ဖြင့် အသန့်ရှင်းဆုံးဌာန​၏​အမှု​အလုံးစုံ​တို့​ကို ထမ်းဆောင်​ရ​၍ အစ္စရေး​လူမျိုး​တို့​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ဝတ်​ကို​လည်း ပြု​ပေး​ရ​၏​။


ထို့ပြင် အလျား​အတောင်​နှစ်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​၊ အမြင့်​ဆယ်​တောင်​ရှိ​သော ကြေးနီ​ယဇ်ပလ္လင်​ကို​လည်း ပြုလုပ်​၏​။


ဘုရားသခင်​၏​လူ​မောရှေ​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မီးရှို့ရာယဇ်​ကို​ပူဇော်​ရန် ယောဇဒက်​၏​သား ယေရွှာ​နှင့် သူ့​ညီအစ်ကို​ယဇ်ပုရောဟိတ်​များ​၊ ရှာလသေလ​၏​သား ဇေရုဗဗေလ​နှင့် သူ့​ညီအစ်ကို​များ​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​အဖို့ ယဇ်ပလ္လင်​ကို ထ​၍​တည်​ကြ​လေ​၏​။


မောရှေ​သည်​လည်း ယဇ်ပလ္လင်​ကို​တည်​၍ ၎င်း​၏​အမည်​ကို “​ထာဝရဘုရား​သည် ငါ​၏​အောင်လံ​ဖြစ်​တော်မူ​၏​”​ဟု ခေါ်​၏​။


မောရှေ​သည် ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို ရေးသား​ထား​ပြီးလျှင် နံနက်​စောစောထ​၍ တောင်​ခြေရင်း​၌ ယဇ်ပလ္လင်​ကို​လည်းကောင်း​၊ အစ္စရေး​မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​အတွက် ကျောက်တိုင်​တစ်ဆယ့်​နှစ်​တိုင်​ကို​လည်းကောင်း တည်​လေ​၏​။


မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ အင်တုံ​နှင့် ထို​အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊


မီးရှို့​ရာ​ယဇ်ပလ္လင်​၊ ထို​ယဇ်ပလ္လင်​အတွက် ကြေးနီ​မီးကျီးခံပြား​၊ ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့် အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊


ကြေးနီ​ယဇ်ပလ္လင်​၊ ထို​ယဇ်ပလ္လင်​အတွက်​ကြေးနီ​မီးကျီးခံပြား​၊ ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့် အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊


မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်း ဘိသိက်သွန်း​၍ ယဇ်ပလ္လင်​ကို​သန့်ရှင်း​စေ​ရ​မည်​။ ထိုအခါ အထူး​သန့်ရှင်း​သော​ယဇ်ပလ္လင် ဖြစ်​လိမ့်မည်​။


မီးရှို့​ရာ​ယဇ်ပလ္လင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဝင်ဝ​၏​ရှေ့​တည့်တည့်​၌​ထား​၍ ယဇ်ပလ္လင်​ပေါ်၌ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ပူဇော်​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဝင်ဝ​၏​ရှေ့တည့်တည့်​၌ မီးရှို့​ရာ​ယဇ်ပလ္လင်​ကို ထား​ရ​မည်​။


သူ​တို့​သည် သေတ္တာ​၊ စားပွဲ​၊ ဆီမီးခုံ​၊ ယဇ်ပလ္လင်​မှစ၍ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​အသုံးပြု​သည့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ လိုက်ကာ​ကို​လည်းကောင်း​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို​လည်းကောင်း တာဝန်ယူ​ထိန်းသိမ်း​ရ​၏​။


ယဇ်ပလ္လင်​မှ ပြာ​ကို​ဖယ်ရှား​ပြီးလျှင် ယဇ်ပလ္လင်​ပေါ်၌ ခရမ်းရောင်​အဝတ်​ကို​ဖြန့်ခင်း​ရ​မည်​။


ထို​အဝတ်​ပေါ်တွင် ယဇ်ပလ္လင်​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် မီးကျီးခံဗန်း​၊ ခက်ရင်းခွ​၊ ဂေါ်ပြား​၊ ဇလုံ​စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တင်​ရ​မည်​။ ထို​အရာ​တို့​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖြန့်ခင်း​ပြီးလျှင် ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။


ငါ​တို့​တွင် ယဇ်ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်ပလ္လင်​ပေါ်မှ​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ