ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သက်ရောက်၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့ကိုခေါ်ဆောင်သွားပြီး အရိုးများနှင့်ပြည့်သော ချိုင့်ဝှမ်းတစ်ခုအလယ်တွင် ချထား၏။
ထာဝရဘုရား၏တန်ခိုးတော်သည်ငါ့ကို လွှမ်းမိုး၍ကိုယ်တော်၏ဝိညာဉ်တော်သည် ငါ့ ကိုဆောင်သွားပြီးလျှင်အရိုးများဖြင့်ဖုံး လွှမ်းနေသည့်ချိုင့်ဝှမ်းတွင်ချထားတော် မူ၏။-
ငါ့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ လက် တော် တည် လျက် ရှိ ရာ၊ ဝိ ညာဉ် တော် အား ဖြင့် ငါ့ ကို ချီ ဆောင် လျက်၊ အ ရိုး များ နှင့် ပြည့် သော မြေ ပြင် အ လယ် တွင် ချ ထား ပြီး လျှင်၊ ဝိုင်း သွား စေ တော် မူ သော်၊
တစ်ဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီးလျှင်၊
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
“သင်သည် ထာဝရဘုရား၏အိမ်တော်တံခါးဝ၌ ရပ်လျက် ‘ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရန် ဤတံခါးကိုဖြတ်၍ ဝင်လာသော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့’ဟူသော ဤသတင်းစကားကို ကြေညာလော့”ဟု မိန့်ဆို၏။
သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူသောဗျာဒိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို သုံ့ပန်းတို့ရှိရာ ခါလဒဲပြည်သို့ ပြန်ချီဆောင်လာ၏။ ထို့နောက် ငါမြင်ရသော ဗျာဒိတ်အာရုံသည် ပျောက်ကွယ်သွား၏။
ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။
ထိုအရပ်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်၌တည်၍ “လွင်ပြင်သို့ ထသွားလော့။ ထိုနေရာတွင် သင့်ကို ငါစကားပြောမည်”ဟု မိန့်တော်မူ၏။
ထိုသူမရောက်လာမီ နေဝင်ချိန်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်တည်လျက် ငါ့နှုတ်ကိုဖွင့်တော်မူ၏။ နံနက်အချိန် ထိုသူရောက်လာသောအခါ ငါသည် ဆွံ့အမနေတော့ဘဲ နှုတ်ကိုဖွင့်၍ဟောပြော၏။
ထို့နောက် ထာဝရဘုရားသည် ငါ့အား ထိုအရိုးတို့ပတ်ပတ်လည်သို့ လျှောက်သွားစေ၏။ ချိုင့်ဝှမ်းတစ်ပြင်လုံးတွင် အရိုးအမြောက်အမြားရှိ၍ အလွန်ခြောက်သွေ့နေသည်ကို တွေ့ရ၏။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍ အတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ ကြည့်ရှုလော့။ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေ၏။
ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍
ရေထဲမှတက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ချီဆောင်သွားတော်မူသဖြင့် ထိုမှူးမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့ရတော့ပေ။ သို့သော် သူသည် ဝမ်းမြောက်လျက် မိမိ၏ခရီးကို ဆက်သွားလေ၏။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။