ဘုရားသခင်သည် အမျက်ကို ပြန်ထိန်းတော်မူမည်မဟုတ်။ ရာဟပ်အား ကူညီသူတို့ပင် ခြေတော်အောက်၌ ပြားပြားဝပ်ကြရ၏။
ယေဇကျေလ 30:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားက ‘အီဂျစ်ပြည်ကို ထောက်မပေးသူတို့ ကျရှုံးကြလိမ့်မည်။ သူဂုဏ်ယူဝါကြွားရာ သူ၏ခွန်အားလည်း ယုတ်လျော့သွားလိမ့်မည်။ မိဂဒေါလပြည်မှ သုဏေပြည်တိုင်အောင် သူတို့သည် ဓားဘေးဖြင့် သေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားက``မြောက်ဘက်ရှိမိဂ ဒေါလမြို့မှသည်တောင်ဘက်ရှိသုဏေ မြို့တိုင်အောင်အီဂျစ်ပြည်ဘက်မှနေ၍ ခုခံကာကွယ်ကြသူအပေါင်းတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ အီဂျစ် ပြည်ဂုဏ်ယူဝါကြွားရသောတပ်မတော် သည်ပြိုပျက်သွားလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အိ ဂျစ် ပြည် ကို ထောက် မ သူ တို့ သည် ကျ ဆုံး လျက်၊ မောက် မာ ရာ ခံ မြို့ များ လည်း၊ မိ ဂ ဒေါ လ မြို့ မှ စ၍ သု ဏေ မြို့ တိုင် အောင်၊ ဓား ဖြင့် ပြို လဲ ပျက် စီး၍၊ Judson Bible အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေသည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ဘုရားသခင်သည် အမျက်ကို ပြန်ထိန်းတော်မူမည်မဟုတ်။ ရာဟပ်အား ကူညီသူတို့ပင် ခြေတော်အောက်၌ ပြားပြားဝပ်ကြရ၏။
အီဂျစ်ပြည်သားတို့သည် ဘုရားမဟုတ်၊ လူမျှသာဖြစ်၏။ သူတို့၏မြင်းသည်လည်း ဝိညာဉ်မဟုတ်၊ အသွေးအသားမျှသာဖြစ်၏။ ထာဝရဘုရား လက်တော်ကိုဆန့်သောအခါ ကူညီသောသူသည် ခလုတ်တိုက်၍ အကူညီခံရသူသည် လဲကျလိမ့်မည်။ သူတို့အားလုံးသည် အတူတကွပျက်စီးကြလိမ့်မည်။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
‘ငါတို့သည် စစ်တိုက်ရာတွင် သူရဲကောင်းများ၊ ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏’ဟူ၍ သင်တို့ မည်သို့ပြောဝံ့ကြသနည်း”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ငါသည် သင်နှင့် မြစ်ချောင်းတို့ကို ဖျက်ဆီးမည်။ မိဂဒေါလပြည်၊ သုဏေပြည်မှ အီသီယိုးပီးယားပြည်၏နယ်နိမိတ်တိုင်အောင် အီဂျစ်ပြည်ကို ပြိုပျက်ရာ၊ တိတ်ဆိတ်ခြောက်ကပ်ရာ ဖြစ်စေမည်။
ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေမည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားကိုလည်း ကွယ်ပျောက်စေမည်။ အစ္စရေးတောင်တို့သည် ဖြတ်သန်းသွားလာမည့်သူမရှိ။ လူသူကင်းမဲ့ရာဖြစ်သွားမည်။
အီသီယိုးပီးယားပြည်နှင့် အီဂျစ်ပြည်သည် သူ့အဖို့ အတိုင်းအဆမရှိသောအင်အား ဖြစ်၏။ ဖုတပြည်နှင့် လစ်ဗျားပြည်သည်လည်း သူ့ကို ကူညီပေးသောသူများဖြစ်၏။