ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
ယေဇကျေလ 28:17 - မြန်မာ့စံမီသမ္မာကျမ်း သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။ Common Language Bible သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။- Garrad Bible သင် သည် တင့် တယ် ခြင်း ကြောင့် စိတ် နေ မြင့်၍၊ ထွန်း ကား ခြင်း ကြောင့်၊ ပ ညာ ယွင်း သည့် အ တွက် မြေ ပေါ် တွင် ငါ လှဲ ချ လျက်၊ ဘု ရင် မင်း တို့ ရှေ့ ရှု မြင် ရန် ထား ခဲ့ ပြီ။ Judson Bible သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေကြောင့်၊ ဝါကြွားသောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှာ၊ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။ |
ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
အကယ်စင်စစ် ကိုယ်တော်သည် ချောသောနေရာများတွင် သူတို့ကိုထား၍ ပျက်စီးဆိတ်သုဉ်းသောအရပ်သို့ သူတို့ကိုကျစေတော်မူ၏။
မာနထောင်လွှားခြင်းလာသောအခါ အရှက်ကွဲခြင်းလိုက်လာတတ်၏။ ဉာဏ်ပညာကား စိတ်နှိမ့်ချသောသူတို့နှင့်အတူ လိုက်လာ၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
ထိုပြည်၏မြင့်မားသောခံတပ်မြို့ရိုးကို နှိမ့်ချဖြိုလှဲတော်မူမည်။ မြေတိုင်အောင်၊ မြေမှုန့်တိုင်အောင် ရောက်စေတော်မူမည်။
ကိုယ်တော်သည် မြင့်ရာအရပ်၌နေသောသူတို့ကို နှိမ့်ချတော်မူ၏။ မြင့်မားသောမြို့ကို နိမ့်ကျစေတော်မူ၏။ ထိုမြို့ကို မြေကြီးတိုင်အောင်နိမ့်ကျစေတော်မူ၏။ မြေမှုန့်တိုင်အောင်ရောက်စေတော်မူ၏။
ပညာရှိတို့သည် အရှက်ကွဲကြလိမ့်မည်၊ ကြောက်လန့်ကြလိမ့်မည်၊ ဖမ်းဆီးခြင်းခံရကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား၏စကားတော်ကိုစွန့်ပယ်ကြ၏။ သူတို့၌ မည်သည့်ဉာဏ်ပညာရှိမည်နည်း။
သင့်အိမ်ကို မီးရှို့ပစ်မည်။ မိန်းမအများရှေ့တွင် ဒဏ်ခတ်မည်။ ဤသို့ဖြင့် သင်အဖိုးအခပေးပြီး ဖောက်ပြန်မှားယွင်းသောအမှုပြုခြင်းမှ ငါရပ်တန့်စေမည်။
သို့သော် ထိုစပျစ်ပင်သည် ဒေါသတကြီး ဆွဲနုတ်ခံရ၏။ မြေပေါ်၌ ပစ်ထားခံရ၏။ အရှေ့လေတိုက်သောအခါ သူ၏အသီးတို့သည် ခြောက်သွေ့ကုန်၏။ သန်မာသောအကိုင်းအခက်တို့သည် ကျိုးပဲ့၍ခြောက်သွားပြီး မီးရှို့ခံရလေ၏။
အခြားသောမိန်းမအပေါင်းတို့သည် သင်တို့ပြုသကဲ့သို့ ညစ်ညမ်းသောအမှုကိုမပြုဘဲ သင်ခန်းစာယူနိုင်ရန် ပြည်ထဲရှိ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်ပစ်မည်။
ထိုအခါ ပင်လယ်မင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်မှဆင်း၍ ဝတ်လုံများ၊ ပိုးဖဲကတ္တီပါအဝတ်များကို ချွတ်ပစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းတန်ဆာကို ဝတ်ဆင်ကြလိမ့်မည်။ မြေပေါ်မှာထိုင်လျက်၊ တုန်လှုပ်လျက် သင့်ကို အံ့ဩကြလိမ့်မည်။
ပင်လယ်ဝ၌ တည်၍ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိလူတို့နှင့် ကုန်သွယ်သောတိုင်ရာမြို့အား သင်ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ သင်က ငါသည် အလှတရားနှင့်ပြည့်စုံ၏ဟု ဆိုလေပြီ။
သင်၏နယ်နိမိတ်သည် ပင်လယ်ထဲ၌ရှိ၏။ ဗိသုကာပညာရှင်တို့သည် သင့်ကိုလှပအောင် တည်ဆောက်ထားပြီ။
သင့်ကိုဖန်ဆင်းသည့်နေ့မှစ၍ သင်ပြုခဲ့သောမတရားမှုပေါ်လာသည့်နေ့တိုင်အောင် အပြစ်တင်စရာတစ်စုံတစ်ခုမျှမရှိခဲ့။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
‘ငါသည် ကြမ်းကြုတ်သော လူမျိုးခြားတိုင်းတစ်ပါးသားတို့ကို သင့်ထံသို့ခေါ်လာမည်။ သူတို့သည် ဓားကိုထုတ်၍ သင်၏ပညာဂုဏ်ကို ဖျက်ဆီးမည်။ သင်၏ခန့်ညားထည်ဝါမှုကို ဖျောက်ဖျက်ပစ်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ထိုအပင်သည် အလွန်မြင့်မား၏။ ထိပ်ဖျားသည် မိုးထိအောင်မြင့်၏။ ထိုသို့ ပင်မြင့်ဖြစ်သောကြောင့် ဘဝင်မြင့်လာ၏။
သင့်ကြောင့် လူအမြောက်အမြား တုန်လှုပ်ချောက်ချားရလိမ့်မည်။ သူတို့၏ဘုရင်များရှေ့တွင် ဓားကိုရွယ်လိုက်သောအခါ ရှင်ဘုရင်တို့သည် ထိတ်လန့်ကြောက်ရွံ့ကြလိမ့်မည်။ သင်လဲကျသွားသောနေ့၌ လူတို့သည် တစ်ခဏချင်းတွင်ပင် သူတို့၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြလိမ့်မည်။
တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။