Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 28:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သင်​၏​ကြီးလေး​သော​အပြစ်​၊ မတရား​ကုန်သွယ်​သော​အပြစ်​တို့​ကြောင့် သန့်ရှင်းရာဌာန ညစ်ညူး​လေ​ပြီ​။ ထို့ကြောင့် သင့်​အထဲ​မှ မီး​ထတောက်​၍ သင့်​ကို လောင်ကျွမ်း​စေ​မည်​။ ကြည့်ရှု​သူ​တို့​ရှေ့မှောက် မြေ​ပေါ်တွင် သင့်​ကို ပြာပုံ​ဖြစ်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မ တ ရား သော ဖောက် ကား ရေး ၌၊ ဒု စ ရိုက် များ ပြား ၍ သန့် ရှင်း ရာ ဌာ န များ ကို သင် ရှုတ် ချ ပြီး ဖြစ် သော ကြောင့်၊ ငါ သည်၊ သင့် အား ကျွမ်း လောင် သော မီး ကို၊ သင့် အ တွင်း မှ ထွက် စေ သ ဖြင့်၊ ရှု မြင် သူ အ ပေါင်း တို့ ရှေ့ မြေ ပေါ် တွင်၊ ပြာ ပုံ ဖြစ် စေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သင့်​အ​ပြစ်​သည် များ​ပြား၍ ကုန်​သွယ်​ခြင်း အ​ဓ​မ္မ​အား​ဖြင့်၊ သန့်​ရှင်း​ရာ​ဌာ​န​တို့​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သင့်​ကို​မီး​ရှို့​ဖို့ သင့်​အ​လယ်၌ မီး​ကို​ငါ​ညှိ​မည်။ သင့်​ကို​မြင်​သော သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ သင်၏​ပြာ​ကို မြေ​ပေါ်​သို့​ငါ​ချ​ထား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 28:18
17 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် လူသား​အားလုံး​ကို မီး​ဖြင့်​လည်းကောင်း​၊ ဓား​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​မည်​။ ထာဝရဘုရား​ကွပ်မျက်​သော​သူ​တို့​သည် များပြား​လိမ့်မည်​။


သင့်​ကို​ဖန်ဆင်း​သည့်​နေ့​မှစ၍ သင်​ပြု​ခဲ့​သော​မတရားမှု​ပေါ်လာ​သည့်​နေ့​တိုင်အောင် အပြစ်တင်စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ခဲ့​။


သင်​၌ ကုန်သွယ်ရေးလုပ်ငန်း​များ များပြား​လာ​သည်​နှင့်အမျှ မတရားမှု​များ​လည်း များပြား​လာ​၏​။ ထိုသို့ သင်​အပြစ်ပြု​၍ ညစ်ညူး​သွား​သောကြောင့် ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်မှ သင့်​ကို ငါ​နှင်ထုတ်​ပစ်​၏​။ အတောင်​ဖြန့်မိုး​သော အို ခေရုဗိမ်​၊ သင့်​ကို တောက်ထိန်​နေ​သော​ကျောက်တုံး​များ​အလယ်​မှ ငါ​ဖယ်ထုတ်​ပစ်​ပြီ​။


“​အချင်း​လူသား​၊ တိုင်ရာ​မင်းကြီး​အား ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဘဝင်မြင့်​၍ ငါ​သည် ဘုရား​ဖြစ်​၏​။ သမုဒ္ဒရာ​အလယ် ဘုရား​တို့​၏​ပလ္လင်​တော်​၌ စံမြန်း​၏​ဟု သင်​ဆို​၏​။ သင်​သည် ဘုရား​မ​ဟုတ် လူသား​ဖြစ်​လျက်​နှင့် သင့်​စိတ်​ထဲ​တွင် သင့်ကိုယ်သင် ဘုရား​ဟု​ထင်မှတ်​၏​။


တစ်ဖန် ထို​အထဲ​မှ အနည်းငယ်​ကို​ယူ​ပြီး မီး​ထဲ​သို့​ပစ်ချ​၍ မီး​ရှို့​ပစ်​လော့​။ ထို​မီး​သည် အစ္စရေး​တစ်မျိုးနွယ်လုံး​သို့ ပြန့်သွား​လိမ့်မည်​။


ထို့ကြောင့် စစ်​ဖြစ်​သည့်​နေ့​တွင်​ကြွေးကြော်​သော​အသံ​နှင့်အတူ​၊ လေပြင်းကျ​သည့်​နေ့​တွင်​တိုက်​သော​မုန်တိုင်း​နှင့်အတူ ငါ​သည် ရဗ္ဗာ​မြို့ရိုး​ကို မီး​ရှို့​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ထို့ကြောင့် ငါ​သည် မောဘ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ကေရုတ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ မောဘ​ပြည်​သည် မြည်ဟည်းသံ​များ​၊ ကြွေးကြော်သံ​များ​၊ တံပိုးမှုတ်သံ​များ​ကြား​တွင်​ပင် ကျဆုံး​သွား​ရ​လိမ့်မည်​။


ထို့ကြောင့် ငါ​သည် ယုဒ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ဂျေရုဆလင်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ ဘုရားရှင်​သည် သူ​ပိုင်ဆိုင်​သမျှ​ကို​သိမ်းပိုက်​၍ သူ့​အစွမ်း​ကို ပင်လယ်ပြင်​တွင် ဖျက်ဆီး​တော်မူ​မည်​။ မီး​ဖြင့် လောင်ကျွမ်း​စေ​တော်မူ​မည်​။


သင်​တို့​သည် ဆိုးယုတ်​သော​သူ​တို့​ကို နင်းချေ​လိမ့်မည်​။ အကြောင်းမူကား ငါ​စီရင်​ရာ​နေ့ရက်​၌ သူ​တို့​သည် သင်​တို့​၏​ခြေဖဝါး​အောက်​သို့​ရောက်​သော ပြာမှုန့်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။


ထို့ပြင် သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​ကို ပြစ်ဒဏ်​စီရင်​လျက် ပြာ​ပုံ​အဖြစ်​သို့ ပျက်သုဉ်း​စေ​ကာ ဘုရား​တရား​မဲ့​ဖြစ်လာ​မည့်​သူ​တို့​အတွက် နမူနာ​ဖြစ်စေ​တော်မူ​၏။


ထို့ကြောင့် သူ​ခံရ​မည့်​ဘေးဒဏ်​များ​ဖြစ်​သော သေ​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​တို့​သည် တစ်​ရက်​အတွင်း သူ့​အပေါ်​ကျရောက်​ပြီး သူ​သည် မီး​ဖြင့်​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်။ အကြောင်းမူကား သူ့​ကို​စီရင်​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် ခွန်အား​နှင့်​ပြည့်စုံ​တော်မူ​၏။


ဆူးလေပင်​က​လည်း သစ်ပင်​တို့​အား ‘​စင်စစ် သင်​တို့​သည် ငါ့​ကို ဘိသိက်ပေး​၍ သင်​တို့​ကို အုပ်စိုး​စေ​လို​လျှင် လာ​ကြ​၊ ငါ့​အရိပ်​၌ ခိုလှုံ​ကြ​။ သို့မဟုတ်လျှင် ဆူးလေပင်​ထဲက မီး​ထွက်​ပြီး လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​များ​ကို လောင်ကျွမ်း​ပစ်​မည်​’​ဟု ဆို​လေ​၏​။


သို့မဟုတ်လျှင် အဘိမလက်​ထဲမှ မီး​ထွက်​၍ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ကို လောင်ကျွမ်း​ပါစေ​။ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ထဲမှ​လည်း မီး​ထွက်​၍ အဘိမလက်​ကို လောင်ကျွမ်း​ပါစေ​”​ဟု ကျယ်လောင်​စွာ​အော်ဟစ်​ပြီးလျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ