သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊
ယေဇကျေလ 25:11 - မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်ကိုလည်း ဒဏ်ခတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible မောဘပြည်သားတို့ကိုငါအပြစ်ဒဏ်ပေး မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ Garrad Bible ထို ပြည် ကို စီ ရင် ဒဏ် ခတ် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။ Judson Bible မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့ကိုမြို့ထဲမှ နှင်ထုတ်မည်၊ တစ်ပါးအမျိုးသားတို့၏လက်သို့အပ်မည်၊ အပြစ်ဒဏ်ပေးမည်။
သင့်အိမ်ကို မီးရှို့ပစ်မည်။ မိန်းမအများရှေ့တွင် ဒဏ်ခတ်မည်။ ဤသို့ဖြင့် သင်အဖိုးအခပေးပြီး ဖောက်ပြန်မှားယွင်းသောအမှုပြုခြင်းမှ ငါရပ်တန့်စေမည်။
ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်အတူ အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးလိုက်မည်။ ထို့ကြောင့် လူမျိုးတကာတို့သည် အမ္မုန်အမျိုးသားကို သတိရကြတော့မည်မဟုတ်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဧဒုံလူမျိုးသည် ယုဒအမျိုးကို ရက်ရက်စက်စက်လက်တုံ့ပြန်ခဲ့၏။ ထိုသို့လက်တုံ့ပြန်ခြင်းဖြင့် ကြီးလေးသောအပြစ်ကို ပြုလေပြီ’ဟု မိန့်တော်မူ၏။
ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကို အကြီးအကျယ်လက်တုံ့ပြန်မည်။ ထိုသို့ သူတို့ကို လက်တုံ့ပြန်မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အိမ်များကို ဆောက်ကြလိမ့်မည်။ စပျစ်ခြံများ စိုက်ပျိုးကြလိမ့်မည်။ သူတို့ဝန်းကျင်တွင်နေထိုင်၍ သူတို့ကို မထီမဲ့မြင်ပြုခဲ့သောလူများကို ငါဒဏ်ခတ်သောအခါ သူတို့သည် စိတ်အေးလက်အေး နေထိုင်ရလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။
ထိုသို့ အီဂျစ်ပြည်ကို ဒဏ်ခတ်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အစ္စရေးအမွေမြေသည် လူသူကင်းမဲ့ရာဖြစ်သောအခါ သင်ဝမ်းမြောက်သကဲ့သို့ သင့်ကို ထိုသို့ဖြစ်စေမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်တစ်ပြည်လုံး လူသူကင်းမဲ့ရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘လူမျိုးတကာတို့အလယ်တွင် ငါ့ဘုန်းကို ငါထင်ရှားစေမည်။ တရားမျှတစွာစီရင်ခြင်း၊ သူတို့အပေါ်လက်တင်ခြင်းကို လူမျိုးတကာတို့ သိရလိမ့်မည်။
သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။
ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် သင့်ကိုစီရင်မည်။ လူမျိုးတကာတို့ရှေ့တွင် သင့်ကိုစီရင်မည်။
ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။