ယေဇကျေလ 25:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်အတူ အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးလိုက်မည်။ ထို့ကြောင့် လူမျိုးတကာတို့သည် အမ္မုန်အမျိုးသားကို သတိရကြတော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible10 ငါသည်မောဘပြည်ကိုအမ္မုန်ပြည်နှင့် အတူ အရှေ့အရပ်မှလူမျိုးအနွယ်တို့ လက်သို့အပိုင်ပေးအပ်မည်။ သို့ဖြစ်၍ မောဘပြည်သည်တိုင်းနိုင်ငံတစ်ခု အဖြစ်ဖြင့်ရပ်တည်နိုင်တော့မည်မဟုတ်။- အခန်းကိုကြည့်ပါ။Judson Bible10 ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင် မမှတ်ရ။ အခန်းကိုကြည့်ပါ။ |
ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။