သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ယေဇကျေလ 23:17 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံအမျိုးသားတို့သည်လည်း သူ့ထံရောက်လာ၍ သူနှင့်အတူ အိပ်ကြ၏။ သူနှင့်ဖောက်ပြန်မှားယွင်းပြီး သူ့ကိုညစ်ညူးစေ၏။ ထိုသူတို့ကို ရွံရှာသွားသည်အထိ သူ့ကိုညစ်ညူးစေကြ၏။ Common Language Bible ဗာဗုလုန်အမျိုးသားတို့သည်သူနှင့်အိပ် စက်ရန်လာရောက်ကြ၏။ သူတို့သည်သူနှင့် ကူးလွန်၍သူ့အားညစ်ညမ်းစေကြ၏။ သူ သည်သူတို့ကိုရွံရှာသည့်တိုင်အောင် သူတို့ သည်သူ့ကိုညစ်ညမ်းစေကြ၏။- Garrad Bible ကျင် လည် သော အိပ် ရာ ထက်၊ ရောက် လာ သူ ဗာ ဗု လုန် လူ မျိုး တို့ သည် ထို မိန်း မ မ သန့် ရာ ရောက်၍ မေ တ္တာ ကုန် သည့် တိုင် အောင်၊ မေ ထုန် ပြု လျက် ညစ် ညူး စေ ကြ ၏။ Judson Bible ဗာဗုလုန်မြို့သားတို့သည် သူနှင့် သံဝါသပြုရာခုတင်သို့ လာ၍၊ မတရားသောမေထုန်ကိုပြုသောအားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည်တိုင်အောင် ညစ်ညူးခြင်းကို ခံလေ၏။ |
သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။
သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ထို့နောက် အာမနုန်သည် သူ့ကို အမုန်းကြီးမုန်းသွားပြန်၏။ ယခင်ချစ်သောစိတ်ထက် မုန်းသောစိတ်ပို၍ကြီးသဖြင့် အာမနုန်က သူ့အား “ထလော့၊ ထွက်သွားလော့”ဟု ဆို၏။
ထို့ပြင် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီး၏ဘထွေးတော်မတ္တနိကို မင်းကြီး၏အရိုက်အရာဆက်ခံစေပြီး ဇေဒကိဟုအမည်ပြောင်းပေး၏။
သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။
ထို့ကြောင့် အို အဟောလိဗ၊ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်စွန့်ထားခဲ့သော သင့်ချစ်သူများကို ငါနှိုးဆွမည်။ သင့်ကိုဝိုင်းဝန်းတိုက်ခိုက်ရန်
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်မုန်းတီးသောသူတို့လက်သို့၊ သင်စွန့်ပစ်သွားခဲ့သောသူတို့လက်သို့ သင့်ကိုငါအပ်မည်။