ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
ယေဇကျေလ 17:21 - မြန်မာ့စံမီသမ္မာကျမ်း ထွက်ပြေးသောစစ်သည်အပေါင်းတို့သည် ဓားဖြင့်သေကြရလိမ့်မည်။ ကြွင်းကျန်သောသူတို့သည်လည်း လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်ကြရလိမ့်မည်။ ထိုသို့ ငါထာဝရဘုရားမိန့်ဆိုခဲ့ကြောင်း သင်တို့သိကြရလိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible ထွက်ပြေးသောသူ၏စစ်သည်တော်များသည် စစ်ပွဲ၌ကျဆုံးကြလိမ့်မည်။ ကြွင်းကျန်သော သူတို့သည်လည်းအရပ်ရပ်သို့ကွဲလွင့်ကုန် ကြလိမ့်မည်။ ထိုအခါငါထာဝရဘုရား မိန့်တော်မူခဲ့ကြောင်းကို သင်တို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထွက် ပြေး သူ တပ် သား အ ပေါင်း တို့ လည်း၊ ဓား ဖြင့် ကျ ဆုံး ကြ ရာ၊ ကြွင်း ကျန် သူ တို့ ပင် အ ရပ် လေး မျက် နှာ လေ၌ ကွဲ လွင့် သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ခဲ့ ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု၊ အ သက် တော် ကို တိုင် တည်၍ မိန့် ဆို၏။ Judson Bible သူ့ထံမှပြေးသောသူများနှင့် သူရဲများအပေါင်းတို့သည် ဓားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။
ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။
သူ့အပါး၌ ခစားသောမှူးမတ်များ၊ စစ်တပ်များကိုလည်း လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သူတို့နောက်သို့လိုက်မည်။
သင်တို့ထုံးဖြူသုတ်ခဲ့သောမြို့ရိုးကို မြေတိုင်အောင် ဖြိုချမည်။ အုတ်မြစ်ကို လှန်ပစ်မည်။ ထိုပြိုကျသွားသောမြို့ရိုးနှင့်အတူ သင်တို့ပါ ပျက်စီးသွားမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ထို့ကြောင့် မဟုတ်မမှန်သောနိမိတ်ကိုပင် သင်တို့မြင်ရတော့မည်မဟုတ်။ ဂမ္ဘီရအတတ်ဖြင့် ဟောပြောနိုင်တော့မည်မဟုတ်။ ငါ့လူမျိုးတော်ကို သင်တို့လက်မှကယ်နုတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါသည် သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် မီးဘေးတစ်ခုမှလွတ်မြောက်လျှင်လည်း နောက်မီးဘေးတစ်ခုက သူတို့ကိုလောင်ကျွမ်းနေဦးမည်။ ထိုသို့ ငါမျက်နှာလွှဲထားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
မြို့ကိုဝိုင်းထားသောနေ့စေ့သောအခါ ထိုအထဲမှ သုံးပုံတစ်ပုံကို မြို့ထဲတွင် မီးရှို့ပစ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို မြို့ထဲလှည့်လည်၍ ဓားဖြင့်ခုတ်ဖြတ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို လေထဲသို့လွှင့်ပစ်လိုက်လော့။ ငါသည် ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။
ငါသည် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်ဆိုသည်မှာ အကြောင်းမဲ့မဟုတ်။ ဤနည်းဖြင့် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။