ဂျူးလူမျိုးတို့ကိုယ်တိုင်မှစ၍ သားစဉ်မြေးဆက်အပါအဝင် သူတို့နှင့်ပူးပေါင်းလာသူအပေါင်းတို့သည် ထိုစာပါသတ်မှတ်ထားသောအချိန်ရောက်တိုင်း ထိုနေ့ရက်နှစ်ရက်တွင် ပွဲတော်ကို မပျက်မကွက် နှစ်စဉ်ကျင်းပကြမည်ဟု အတည်ပြုသဘောတူခဲ့ကြ၏။
ယေဇကျေလ 16:61 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင့်အစ်မ၊ သင့်ညီမတို့ကို ပြန်လည်လက်ခံသောအခါ သင်ပြုခဲ့သောအမှုများကိုပြန်သတိရ၍ ရှက်လိမ့်မည်။ သို့သော် သင်နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်အားဖြင့်မဟုတ်သော်လည်း ထိုသူတို့ကို သင့်အား သမီးများအဖြစ် ငါပေးမည်။ Common Language Bible သင်၏အစ်မနှင့်ညီမတို့သည်သင့်ထံသို့ ပြန်လည်ရောက်ရှိလာသောအခါ သင်သည် မိမိပြုကျင့်ခဲ့သည့်အမှုကိုသတိရ၍ ရှက်လိမ့်မည်။ သင်နှင့်ငါဖွဲ့ခဲ့သောပဋိညာဉ် တွင်မပါရှိသော်လည်း ငါသည်သူတို့အား သင်၏သမီးများသဖွယ်ဖြစ်စေမည်။- Garrad Bible သင် ပ ဋိ ညာဉ် ဖွဲ့ ခြင်း ကင်း လျက် သ မီး များ အ ဖြစ် ငါ ပေး အံ့ သော ညီ အစ် မ တို့ ကို၊ သင် လက် ခံ သည့် ကာ လ၊ ကိုယ့် အ လေ့ အ လာ များ ကို သ တိ ရ လျက် ရှက် လိမ့် မည်။ Judson Bible သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရသော်လည်း၊ ပဋိညာဉ်အားဖြင့် သင်၏ညီအစ်မတို့ကို သင်၏သမီးဖြစ်ဖို့ရာ ငါပေး၍၊ သင်သည် ထိုသူတို့ကိုလက်ခံသောအခါ၊ သင်ပြုမိသောအမှုများကို အောက်မေ့၍ ရှက်ကြောက်ရလိမ့်မည်။ |
ဂျူးလူမျိုးတို့ကိုယ်တိုင်မှစ၍ သားစဉ်မြေးဆက်အပါအဝင် သူတို့နှင့်ပူးပေါင်းလာသူအပေါင်းတို့သည် ထိုစာပါသတ်မှတ်ထားသောအချိန်ရောက်တိုင်း ထိုနေ့ရက်နှစ်ရက်တွင် ပွဲတော်ကို မပျက်မကွက် နှစ်စဉ်ကျင်းပကြမည်ဟု အတည်ပြုသဘောတူခဲ့ကြ၏။
အကျွန်ုပ်သည် မိမိ၏ဘဝလမ်းကို ဆင်ခြင်၍ အကျွန်ုပ်၏ခြေလှမ်းကို ကိုယ်တော်၏သက်သေခံချက်များထံသို့ ပြန်လှည့်စေပါ၏။
ပတ်ပတ်လည်သို့မျှော်ကြည့်လော့။ လူအပေါင်းတို့သည်စုရုံး၍ သင့်ထံသို့လာကြပြီ။ သင်၏သားတို့သည် အဝေးကလာ၍ သင်၏သမီးတို့ကို ပွေ့ချီလာကြမည်။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေခဲ့သော သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ထိုပြည်တွင် ပြန်လည်သတိရ၍ သင်တို့ပြုခဲ့သောမကောင်းမှုများကြောင့် သင်တို့ကိုယ်သင်တို့ စက်ဆုပ်ကြလိမ့်မည်။
သို့ဖြစ်၍ အစ္စရေးအမျိုးအား ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးတို့၊ ယခု ငါပြုသောအမှုသည် သင်တို့အတွက်မဟုတ်။ သင်တို့ရောက်လေရာ လူမျိုးခြားတို့အလယ်တွင် သင်တို့ရှုတ်ချသော ငါ၏သန့်ရှင်းမြင့်မြတ်သောနာမအတွက်ဖြစ်၏’ဟု မိန့်တော်မူ၏။
အချင်းလူသား၊ အစ္စရေးအမျိုးသားတို့အား အိမ်တော်အကြောင်းကို ပြောပြလော့။ သို့မှ သူတို့၏ဒုစရိုက်ကြောင့် သူတို့ရှက်ကြောက်ကြလိမ့်မည်။ သူတို့သည် အိမ်တော်တည်ဆောက်ပုံကို ဆင်ခြင်ကြပါစေ။
ဘုရားရှင်ထာဝရဘုရားက ‘သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့အမှုတော်ထမ်းဖို့ ငါ့ထံမလာရ၊ သန့်ရှင်းသောအရာတို့နားသို့ မလာရ၊ အသန့်ရှင်းဆုံးဌာနထဲသို့ မဝင်ရ။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် အသရေပျက်ခြင်း ခံရမည်။
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
သို့ဖြစ်လျှင် သူတို့ခလုတ်တိုက်ကြသည်မှာ သူတို့လဲကျစေရန်လောဟု ငါမေး၏။ လုံးဝမဟုတ်ပေ။ အမှန်အားဖြင့် သူတို့ကျူးလွန်သောအပြစ်ကြောင့် လူမျိုးခြားတို့ထံ ကယ်တင်ခြင်းကျေးဇူးသက်ရောက်၍ ဤအမှုအားဖြင့် အစ္စရေးလူမျိုးတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေရန်ဖြစ်၏။
ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ အတူတကွအမွေဆက်ခံသူများ၊ တစ်ခုတည်းသောကိုယ်ခန္ဓာ၌ပါဝင်သူများ၊ ကတိတော်ကိုအတူတကွခံစားသူများဖြစ်ကြခြင်းပေတည်း။
ယဇ်ပုရောဟိတ်အရိုက်အရာ၌ ပြောင်းလဲခြင်းရှိလျှင် ပညတ်တရား၌လည်း ပြောင်းလဲခြင်းရှိရန်လိုအပ်၏။
ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။