သူတို့သည်ထွက်သွား၍ တောင်ပေါ်သို့တက်ပြီး လိုက်ရှာသောသူတို့ပြန်လာသည်အထိ တောင်ပေါ်၌ သုံးရက်ပုန်းနေလေ၏။ လိုက်ရှာသောသူတို့သည် လမ်းတစ်လျှောက်လုံးရှာသော်လည်း သူတို့ကို မတွေ့ကြ။
ယောရှု 2:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ သူတို့နှစ်ယောက် တောင်ပေါ်မှဆင်းလာကြ၏။ မြစ်ကိုကူးပြီး နုန်၏သား ယောရှုထံသို့ပြန်လာ၍ သူတို့ကြုံတွေ့ခဲ့ရသောအရာအလုံးစုံတို့ကို ပြောပြလေ၏။ Common Language Bible ထိုနောက်သူလျှိုနှစ်ဦးတို့သည်တောင်ကုန်း များပေါ်မှဆင်းပြီးလျှင်မြစ်ကိုဖြတ်ကူး၍ ယောရှုထံသို့ပြန်လာကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သမျှကိုယောရှုအားပြန် ကြားပြီးလျှင်၊- Garrad Bible တောင် ပေါ် က ဆင်း လျက် မြစ် ကူး ပြီး နောက် နန်ု့ သား ယော ရှု ထံ ရောက် သော်၊ ဖြစ် ပျက် ခဲ့ သ မျှ ကို ပြန် ကြား ၍ Judson Bible ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ်ကဆင်းပြီးမှ မြစ်ကိုကူးသဖြင့်၊ နုန်၏သားယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊ |
သူတို့သည်ထွက်သွား၍ တောင်ပေါ်သို့တက်ပြီး လိုက်ရှာသောသူတို့ပြန်လာသည်အထိ တောင်ပေါ်၌ သုံးရက်ပုန်းနေလေ၏။ လိုက်ရှာသောသူတို့သည် လမ်းတစ်လျှောက်လုံးရှာသော်လည်း သူတို့ကို မတွေ့ကြ။
သူတို့က ယောရှုအား “အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်ပြည်လုံးကို အကျွန်ုပ်တို့လက်သို့အပ်တော်မူပြီ။ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့သည်လည်း အကျွန်ုပ်တို့သတင်းကိုကြားသဖြင့် စိတ်အားလျော့လျက်ရှိကြပါ၏”ဟု ဆိုလေ၏။
သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။
သူတို့ကလည်း “လာကြ၊ သူတို့ကို သွားတိုက်ကြစို့၊ ထိုပြည်ကို ငါတို့မြင်ခဲ့ပြီ။ အလွန်သာယာသောပြည် ဖြစ်၏။ ငြိမ်မနေကြနှင့်။ တွန့်ဆုတ်မနေကြနှင့်။ ထိုပြည်ကို သွားရောက်သိမ်းပိုက်ကြစို့။