Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 2:23 - Common Language Bible

23 ထို​နောက်​သူ​လျှို​နှစ်​ဦး​တို့​သည်​တောင်​ကုန်း များ​ပေါ်​မှ​ဆင်း​ပြီး​လျှင်​မြစ်​ကို​ဖြတ်​ကူး​၍ ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။ သူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ယော​ရှု​အား​ပြန် ကြား​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 တောင် ပေါ် က ဆင်း လျက် မြစ် ကူး ပြီး နောက် နန်ု့ သား ယော ရှု ထံ ရောက် သော်၊ ဖြစ် ပျက် ခဲ့ သ မျှ ကို ပြန် ကြား ၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​လူ​နှစ်​ယောက်​တို့​သည် လှည့်၍ တောင်​ပေါ်​က​ဆင်း​ပြီး​မှ မြစ်​ကို​ကူး​သ​ဖြင့်၊ နုန်၏​သား​ယော​ရှု​ထံ​သို့ ရောက်၍၊ မိ​မိ​တို့၌ ဖြစ်​သ​မျှ​တို့​ကို ပြန်​ကြား​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို့နောက်မှ သူ​တို့​နှစ်​ယောက် တောင်​ပေါ်မှ​ဆင်းလာ​ကြ​၏​။ မြစ်​ကို​ကူး​ပြီး နုန်​၏​သား ယောရှု​ထံသို့​ပြန်လာ​၍ သူ​တို့​ကြုံတွေ့​ခဲ့​ရ​သော​အရာ​အလုံးစုံ​တို့​ကို ပြောပြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 2:23
4 ပူးပေါင်းရင်းမြစ်များ  

သူ​လျှို​တို့​သည်​တောင်​ကုန်း​များ​ပေါ်​သို့​တက် ၍​ပုန်း​အောင်း​နေ​ကြ​၏။ မင်း​ကြီး​စေ​လွှတ်​သော သူ​များ​သည် သူ​လျှို​တို့​ကို​သုံး​ရက်​တိုင်​အောင် နေ​ရာ​အ​နှံ့​လိုက်​လံ​ရှာ​ဖွေ​၍​မ​တွေ့​လျှင် ယေ​ရိ​ခေါ​မြို့​သို့​ပြန်​လာ​ကြ​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။


ထို​အ​ရပ်​သို့​သင်​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် စိုး​စဉ်း​မျှ​မ​ယုံ​သင်္ကာ​မ​ဖြစ်​ကြ သည်​ကို​တွေ့​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ သည်​ကျယ်​ပြန့်​၍​လူ​သား​တို့​လို​ချင်​တောင့် တ​သော​အ​ရာ​တို့​နှင့်​လည်း​ပြည့်​စုံ​၏။ ထို နယ်​မြေ​ကို​သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး သ​နား​တော်​မူ​လေ​ပြီ'' ဟု​ဆို​ကြ​၏။


သူ​တို့​က​လည်း``လာ​ကြ၊ လဲ​ရှ​မြို့​ကို​ငါ တို့​သွား​ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထို နယ်​မြေ​သည်​အ​လွန်​ကောင်း​မွန်​ကြောင်း ကို​ငါ​တို့​တွေ့​မြင်​ခဲ့​ရ​ပြီ။ ဤ​အ​ရပ်​တွင် ဆိုင်း​လင့်​၍​နေ​ကြ​မည်​လော။ အ​လျင် အ​မြန်​ထို​နယ်​မြေ​ကို​ဝင်​ရောက်​သိမ်း​ယူ ကြ​ကုန်​အံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ