ယောသပ်၏သားဖြစ်သော မနာရှေမျိုးနွယ်စုထဲမှ မနာရှေ၏သားမှာ မာခိရ၊ မာခိရ၏သားမှာ ဂိလဒ်၊ ဂိလဒ်၏သားမှာ ဟေဖာ၊ ဟေဖာ၏သားမှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၏သမီးများကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဖြစ်၏။ ဇလောဖဒ်၏သမီးတို့သည် လာ၍
ယောရှု 17:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် ခေါင်းဆောင်တို့ထံ လာ၍ “အကျွန်ုပ်တို့ကို အကျွန်ုပ်တို့မောင်နှမများနှင့်အတူ အမွေပေးရမည်ဟု ထာဝရဘုရားက မောရှေကို မိန့်မှာခဲ့ပါ၏”ဟု ဆိုသဖြင့် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့အား သူတို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အမွေမြေကို ခွဲဝေပေး၏။ Common Language Bible သူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။- Garrad Bible ထို မိန်း မ တို့ သည် ပ ရော ဟိတ် ဧ လာ ဇာ၊ နန်ု့ သား ယော ရှု နှင့် အ ကြီး အ ကဲ တို့ ထံ ချဉ်း ကပ်၍၊ ဆွေ မျိုး သား ချင်း တို့ အ တွင်း ကျွန် မ တို့ အ ပိုင် ရ စေ ခြင်း ငှာ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ ပါ ပြီ ဟု လျှောက် ဆို ကြ သည့် အ တိုင်း၊ ထာ ဝ ရ ဘု ရား အ မိန့် တော် အ ရ၊ ဆွေ မျိုး သား ချင်း တို့ အ တွင်း အ ပိုင် ပေး ကြ ၏။ Judson Bible ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဖော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။ |
ယောသပ်၏သားဖြစ်သော မနာရှေမျိုးနွယ်စုထဲမှ မနာရှေ၏သားမှာ မာခိရ၊ မာခိရ၏သားမှာ ဂိလဒ်၊ ဂိလဒ်၏သားမှာ ဟေဖာ၊ ဟေဖာ၏သားမှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၏သမီးများကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဖြစ်၏။ ဇလောဖဒ်၏သမီးတို့သည် လာ၍
ထိုသို့ သူ၌သားမရှိသောကြောင့် အကျွန်ုပ်တို့ဖခင်၏အမည်ကို သူ့မျိုးနွယ်စုထဲမှ နုတ်ပယ်ကြမည်လော။ အကျွန်ုပ်တို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အကျွန်ုပ်တို့ကိုလည်း အမွေပေးပါလော့”ဟု တောင်းဆိုကြ၏။
ဇလောဖဒ်သမီးတို့သည်လည်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြ၏။
သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။
မနာရှေအမျိုးအနွယ်သည် ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အပါအဝင် အခြားအမွေမြေဝေစုဆယ်စုကိုလည်း ရသေး၏။
လေဝိအမျိုး၏အိမ်ထောင်စုအကြီးအမှူးတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးတို့ရှိရာ ခါနာန်ပြည်၊ ရှိလောအရပ်သို့လာ၍