ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်နေသရက်နယ်တစ်နယ်လုံးနှင့် နဿလိနယ်တစ်နယ်လုံးကို သွားရောက်တိုက်ခိုက်စေ၏။
ယောရှု 11:2 - မြန်မာ့စံမီသမ္မာကျမ်း မြောက်ပိုင်းတောင်ပေါ်ဒေသ၊ ဂင်နေသရက်အိုင်တောင်ဘက် အရာဗလွင်ပြင်၊ မြေနိမ့်ဒေသ၊ အနောက်ဘက်ဒေါရပြည် စသည်တို့မှ ဘုရင်တို့ထံသို့လည်းကောင်း၊ Common Language Bible မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။- Garrad Bible မြောက် ပိုင်း ခင် တန်း၊ ဂ င်္နေ သ ရက် အိုင် တောင် ဘက် ရှိ အ ရာ ဗာ ချိုင့်၊ ရှ ဖေ လာ ခ ရိုင်၊ အ နောက် မျက် နှာ ဒေါ ရ ကုန်း တန်း များ ၌ တည် သော ဘု ရင် မင်း တို့ ထံ လည်း ကောင်း၊ Judson Bible တောင်ရိုးမြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက်နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့လည်းကောင်း၊ |
ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်နေသရက်နယ်တစ်နယ်လုံးနှင့် နဿလိနယ်တစ်နယ်လုံးကို သွားရောက်တိုက်ခိုက်စေ၏။
ရှောလမုန်မင်းကြီး၏သမီးတော်တာဖတ်နှင့်စုံဖက်ထားသူဖြစ်သည့် ဒေါရနယ်တစ်နယ်လုံး၏နယ်စားမင်း ဗင်အဘိနဒပ်၊
နယ်နိမိတ်သည် ရှေဖံမှ အဣနအရှေ့ဘက် ရိဗလတိုင်အောင် ဆင်းလာရမည်။ ထိုမှ နယ်နိမိတ်သည် ဆက်သွား၍ အရှေ့ဘက်တွင်ဂင်နေသရက်အိုင်စပ်အထိ ရောက်ရမည်။
ထိုနေ့ရက်များတွင် မာရိသည်ထ၍ တောင်ပေါ်ဒေသ၌ရှိသော ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍
တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။
ထိုသို့ ယောရှုသည် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ အရာဗလွင်ပြင်တို့မှစ၍ နေဂေ့အရပ်တစ်ခုလုံး၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့် အစ္စရေးတောင်တန်းမြေပြန့်မကျန် နယ်မြေအားလုံးကို သိမ်းယူခဲ့၏။
ထိုအချိန်တွင် ယောရှုသည် တောင်ပေါ်မြို့ဖြစ်သော ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့တို့နှင့် ယုဒတောင်ပေါ်ဒေသ၊ အစ္စရေးတောင်ပေါ်ဒေသတို့၌ နေထိုင်သောအာနကလူမျိုးတို့ကို ချီတက်တိုက်ခိုက်၍ သူတို့၏မြို့များနှင့် သူတို့ကို အကုန်အစင်ဖျက်ဆီးလေ၏။
အရာဗလွင်ပြင်မှ ဂင်နေသရက်အိုင်အရှေ့ဘက်အထိ၊ ဆားပင်လယ်ဟုခေါ်သောအရာဗပင်လယ်မှ အရှေ့ဘက်ဗက်ယေရှိမုတ်မြို့အထိ၊ တောင်ဘက် ပိသဂါတောင်ခြေအထိ၊
ချိုင့်ဝှမ်းလွင်ပြင်ရှိ ဗက်ဟာရန်မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့၊ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ကျန်သောနယ်မြေ၊ ဂျော်ဒန်မြစ်နယ်နိမိတ်တစ်လျှောက်၊ ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂင်နေသရက်အိုင်အထိဖြစ်၏။
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။
မနာရှေအမျိုးအနွယ်သည် ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ စသည်တို့၌နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ကြ။ ခါနာန်လူမျိုးတို့သည် ထိုပြည်၌ အတင်းနေထိုင်ကြ၏။