ယောရှု 11:2 - Common Language Bible2 မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible2 မြောက် ပိုင်း ခင် တန်း၊ ဂ င်္နေ သ ရက် အိုင် တောင် ဘက် ရှိ အ ရာ ဗာ ချိုင့်၊ ရှ ဖေ လာ ခ ရိုင်၊ အ နောက် မျက် နှာ ဒေါ ရ ကုန်း တန်း များ ၌ တည် သော ဘု ရင် မင်း တို့ ထံ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible2 တောင်ရိုးမြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက်နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့လည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 မြောက်ပိုင်းတောင်ပေါ်ဒေသ၊ ဂင်နေသရက်အိုင်တောင်ဘက် အရာဗလွင်ပြင်၊ မြေနိမ့်ဒေသ၊ အနောက်ဘက်ဒေါရပြည် စသည်တို့မှ ဘုရင်တို့ထံသို့လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
ထိုအခါဂိဗောင်မြို့သားတို့သည်ဂိလ ဂါလစခန်းတွင်ရှိသောယောရှုထံသို့ လူစေလွှတ်၍``ကိုယ်တော်၏ကျွန်တို့ကိုစွန့်ပစ် ထားတော်မမူပါနှင့်။ အလျင်အမြန်ကြွ ၍အကျွန်ုပ်တို့အားကယ်တင်တော်မူပါ။ တောင်ကုန်းဒေသမှအာမောရိမင်းအပေါင်း တို့သည်စုပေါင်း၍အကျွန်ုပ်တို့အားတိုက် ခိုက်ပါပြီ'' ဟုအကြောင်းကြားလျှောက် ထားလေသည်။
ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-