အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
ယောဘဝတ္တု။ 9:18 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အား အသက်ရှူခွင့်ကိုပင်မပေးဘဲ ခါးသီးမှုများနှင့် ပြည့်စေတော်မူခဲ့ပြီ။ Common Language Bible ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။ Garrad Bible အ သက် ရှူ သာ ခွင့် မ ပြု ဘဲ၊ နစ် နာ ခြင်း နှင့် ပြည့် ဝ စေ တော် မူ လိမ့် မည်။ Judson Bible ငါ့ကို အသက်ရှူရသောအခွင့် မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံစေတော်မူ၏။ |
အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
အကျွန်ုပ်အဖို့ ပြင်းထန်သောစွဲချက်များကို ရေးမှတ်ထား၍ အကျွန်ုပ်ငယ်စဉ်က ပြုမိသောဒုစရိုက်များကို ပြန်၍ခံရစေတော်မူ၏။
“ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ
ဒုက္ခရောက်နေသူကို အဘယ်ကြောင့် အလင်းပေးသနည်း။ ခါးသီးစွာခံစားနေရသူတို့ကို အဘယ်ကြောင့် အသက်ရှင်ခွင့်ပေးသနည်း။
မည်သည့်အချိန်အထိ အကျွန်ုပ်ထံမှ မျက်နှာတော်မလွှဲဘဲနေတော်မူမည်နည်း။ တံတွေးမျိုချချိန်မှာပင် အလွတ်မပေးဘဲနေပါသည်တကား။
အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။”
ကိုယ်တော်၏အမျက်ဒေါသသည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းလုံးရှိသမျှတို့သည်လည်း အကျွန်ုပ်ကို ဖုံးလွှမ်းလျက်ရှိပါ၏။(စေလာ)
သူတို့၏စိတ်တပ်မက်မှုနောက်သို့လိုက်ကြ၏။ သူတို့ဘိုးဘေးများ သင်ကြားပေးခဲ့သည့်အတိုင်း ဗာလဘုရားနောက်သို့လိုက်ကြ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ငါ့ကို ခါးသောဟင်းရွက်ဖြင့် ဝအီစေတော်မူပြီ။ ဒေါနရည်ဖြင့် မူးစေတော်မူပြီ။
စင်စစ် ကိုယ်တော်သည် လက်ကိုဆန့်၍ ငါ့ကို တစ်နေ့လုံး အကြိမ်ကြိမ်ဆုံးမတော်မူပြီ။
ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ်တွင် ဝမ်းမြောက်စရာမဟုတ်ဘဲ ဝမ်းနည်းစရာဖြစ်သည်ဟု ထင်ရတတ်၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသောသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းသောအကျိုးကျေးဇူးကို ပြန်လည်ခံစားရကြ၏။
နောမိကလည်း “အကျွန်ုပ်ကို နောမိဟု မခေါ်ပါနှင့်။ မာရဟု ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် အကျွန်ုပ်အား ခါးသီးစွာခံစားရစေတော်မူပြီ။