ယောဘဝတ္တု။ 5:17 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဘုရားသခင်၏ဆုံးမခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဆုံးမတော်မူသည်ကို မထီမဲ့မြင်မပြုပါနှင့်။ Common Language Bible အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။ Garrad Bible ဘု ရား သ ခင် ပဲ့ ပြင် တော် မူ သော သူ၌ မင်္ဂ လာ ရှိ သည် ဖြစ်၍၊ အ န န္တ တန် ခိုး ရှင် ဆုံး မ တော် မူ ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ပါ နှင့်။ Judson Bible အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေးတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။ |
ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
သင့်ကိုလည်း ဆင်းရဲတွင်းထဲမှ အတိုင်းမသိကျယ်ဝန်းရာသို့ ဆောင်ယူတော်မူ၏။ သင့်အဖို့ စားပွဲပေါ်တွင် အဆီအနှစ်နှင့်ပြည့်သောအစာကို တည်ခင်းပေးထားတော်မူ၏။
သင်သည် ဘုရားသခင်ကို ကြိုးစားရှာ၍ အနန္တတန်ခိုးရှင်ထံ အသနားခံတောင်းလျှောက်မည်ဆိုလျှင်၊
ထာဝရဘုရားသည် ငါ့ကိုပြင်းထန်စွာပဲ့ပြင်သော်လည်း သေခြင်းလက်သို့ ငါ့ကိုအပ်တော်မမူခဲ့ပေ။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့အတွက် တွင်းတူးစဉ်အခါ ဒုက္ခရောက်သောနေ့ရက်များမှလွတ်ငြိမ်းစေရန် ကိုယ်တော်ပဲ့ပြင်သောသူ၊ ကိုယ်တော်၏တရားတော်ကို ကိုယ်တော်သင်ကြားပေးသောသူသည် မင်္ဂလာရှိပါ၏။
ဧဖရိမ်က “ကိုယ်တော်သည် အကျွန်ုပ်ကိုပဲ့ပြင်တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားသငယ်ကဲ့သို့ ပဲ့ပြင်ခြင်းကိုခံရပါပြီ။ အကျွန်ုပ်ကို ပြန်ခေါ်ပါ။ အကျွန်ုပ် ပြန်လာပါရစေ။ ကိုယ်တော်သည် အကျွန်ုပ်၏ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
ဖခင်သည် သားကိုဆုံးမသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူကြောင်း သင်၏စိတ်နှလုံးထဲ၌ သိမှတ်ရမည်။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။