မြေကြီးကိုအလင်းပေးရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များ ဖြစ်တည်စေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ယောဘဝတ္တု။ 41:32 - မြန်မာ့စံမီသမ္မာကျမ်း သူသွားရာလမ်းတွင် ရေများဖွေးဖွေးလှုပ်ကျန်ခဲ့ပြီး ရေထုကြီးမှာ ဆံပင်ဖြူနေသယောင်ပင် ထင်ရ၏။ Common Language Bible သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။ Garrad Bible လွန် သွား ရာ လမ်း ထွန်း တောက် သ ဖြင့်၊ ပင် လယ် သည် ဆံ ဖြူ ရောင် ဆောင်၏။ Judson Bible သူလွန်သွားသောလမ်းသည် ထွန်းတောက်သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။ |
မြေကြီးကိုအလင်းပေးရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များ ဖြစ်တည်စေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
ပင်လယ်ရေထွက်ပေါက်များရှိရာသို့ သင်ရောက်ဖူးသလော။ အနက်တကာ့အနက်ဆုံးနေရာတွင် သင်သွားလာဖူးသလော။
ရေသည် ကျောက်ကဲ့သို့မာကျောသွားပြီး နက်ရှိုင်းသောရေထု၏မျက်နှာပြင်သည်လည်း အေးခဲလျက်ရှိ၏။
ရေထုကြီးကိုပင် ရေနွေးအိုးကဲ့သို့ ဆူပွက်စေနိုင်၏။ ဆီအိုးမွှေသကဲ့သို့ ပင်လယ်ကို မွှေနှောက်တတ်၏။
မြေကြီးပေါ်တွင် သူနှင့်နှိုင်းစရာ မရှိ။ သူသည် ကြောက်ရွံ့ခြင်းကင်းသောသတ္တဝါဖြစ်၏။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
လူပျိုတို့၏ဂုဏ်ကျက်သရေသည် သူတို့၏ခွန်အားဖြစ်၏။ အသက်ကြီးသောသူတို့၏ခန့်ညားထည်ဝါမှုကား ဖြူသောဆံပင်ဖြစ်၏။