အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 38:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သေမင်း​တံခါး​များ​က သင့်​ကို​ဖွင့်ပေး​ဖူး​သလော​။ သေမင်းအရိပ်​၏​တံခါး​များ​ကို သင်​မြင်​ဖူး​သလော​။

အခန်းကိုကြည့်ပါ။

Common Language Bible

သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။

အခန်းကိုကြည့်ပါ။

Garrad Bible

သေ ခြင်း တံ ခါး များ ကို နား လည် ခွင့်၊ သေ မင်း အ ရိပ် တံ ခါး များ ကို သိ မြင် ခွင့် ရ ဘူး သ လော။

အခန်းကိုကြည့်ပါ။

Judson Bible

သေ​ခြင်း​တံ​ခါး​တို့​ကို သင့်​အား​ဖွင့်​ဖူး​သ​လော။ သေ​မင်း​အ​ရိပ်​ထဲ​သို့​ဝင်​သော လမ်း​ဝ​တို့​ကို မြင်​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 38:17
15 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် မ​ကြာ​မီ ပြန်​လမ်း​မ​ရှိ မှောင်မိုက်​၍ သေမင်းအရိပ်​လွှမ်းမိုး​သော​ပြည်​သို့ သွား​ရ​ပါ​တော့​မည်​။


ကောင်းကင်​ထက်​မြင့်​သည်​ဖြစ်၍ သင်​မည်သို့​တတ်နိုင်​မည်နည်း​။ မရဏာနိုင်ငံ​ထက်​နက်​သည်​ဖြစ်၍ သင်​မည်သို့​သိ​နိုင်​မည်နည်း​။


မှောင်မိုက်​ထဲမှ လျှို့ဝှက်​သော​အရာ​တို့​ကို ဖော်ထုတ်ပြ​၏​။ အမှောင်ထု​ကို အလင်း​သို့ ရောက်စေ​တော်မူ​၏​။


ရှေ့​တော်​တွင် မရဏာနိုင်ငံ​သည် ဟင်းလင်း​ဖြစ်​ပါ​၏​။ ပျက်စီး​ခြင်း​နိုင်ငံ​သည် အဖုံးအကွယ်​မ​ရှိ​ပါ​။


ထို​နေ့ရက်​ကို မှောင်မိုက်​ခြင်း​နှင့် သေမင်း​အရိပ်​တို့​သည် သိမ်းယူ​ပါစေ​။ တိမ်တိုက်​ဖုံးလွှမ်း​ပါစေ​။ နေ့​၏​အမှောင်ထု​သည် ထို​နေ့ရက်​ကို ခြောက်လှန့်​ပါစေ​။


မကောင်းမှု​ပြု​သူ​တို့​အတွက် ပုန်းရှောင်စရာ​အမှောင်ထု​၊ အမှောင်ကမ္ဘာ​ဟူ၍​မ​ရှိ​။


အချို့​တို့​သည် မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲ၌ ထိုင်​နေ​ရ​သော​သူ​များ​၊ ဖိစီးနှိပ်စက်မှု​နှင့်​သံကြိုး​၏​ချည်နှောင်​ခြင်း​ကို ခံရ​သော​သူ​များ ဖြစ်​ကြ​၏​။


သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍ သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။


သူ​တို့​၏​စိတ်ဝိညာဉ်​သည် အစားအစာ​မှန်သမျှ​ကို စက်ဆုပ်ရွံရှာ​၍ သေ​ခြင်း​၏​တံခါးဝ​အနီး​သို့ ရောက်​ကြ​၏​။


သေ​ခြင်း​၏​နှောင်ကြိုး​တို့​သည် ငါ့​ကို​ရစ်ပတ်​၍ မရဏာနိုင်ငံ​၏​ပြင်းပြ​သော​ဝေဒနာ​တို့​သည် ငါ့​အပေါ်​ကျရောက်​ကြ​၏​။ ငါ​သည် ဆင်းရဲဒုက္ခ​နှင့်​ဝမ်းနည်း​ခြင်း​ကို​တွေ့ကြုံ​ရ​၏​။


အကယ်၍ သေ​ခြင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်ဝှမ်း​၌ လျှောက်သွား​ရ​သော်လည်း အကျွန်ုပ်​သည် ဘေးအန္တရာယ်​ကို​မ​ကြောက်​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်မူ​၏​။ ကိုယ်တော်​၏​လှံတံ​တော်​နှင့်​တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို​နှစ်သိမ့်ပေး​ပါ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ သေ​ခြင်း​၏​တံခါးဝ​မှ အကျွန်ုပ်​ကို​ဆွဲတင်​တော်မူ​သော​အရှင်​၊ အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို​ကြည့်ရှု​တော်မူ​ပါ​။


ခုနစ်စင်ကြယ်​နှင့် သရဝဏ်နက္ခတ်​တို့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၊ သေမင်းအရိပ်​ကို နံနက်အလင်း​ဖြစ်စေ​သော​အရှင်​၊ နေ့​ကို ည​အမှောင်​ဖြစ်စေ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး ထို​ရေ​တို့​ကို မြေ​မျက်နှာပြင်​ပေါ်​လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။


အမှောင်​ထဲ၌​နေထိုင်​သော​သူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ကြ​၍ သေ​ခြင်း​အရိပ်​လွှမ်းမိုး​သော​ပြည်​၌ နေထိုင်​သော​သူ​တို့​ထံသို့ အလင်း​ပေါ်ထွက်​လာ​ပြီ”​ဟူ၍​ဖြစ်​၏။


အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။