လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
ယောဘဝတ္တု။ 35:6 - မြန်မာ့စံမီသမ္မာကျမ်း သင်အပြစ်ပြုလျှင်လည်း ကိုယ်တော့်ကို မည်သို့ထိခိုက်စေနိုင်မည်နည်း။ သင်အပြစ်များစွာကျူးလွန်လျှင်လည်း ကိုယ်တော့်ကို မည်သို့ဖြစ်စေနိုင်မည်နည်း။ Common Language Bible သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရား သခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။ Garrad Bible သင် ပြစ် မှား လျှင်၊ ကိုယ် တော်၌ မည် သည့် အ ကျိုး ယုတ် သ နည်း။ လွန် ကျူး မှု များ ပြား သော်၊ မည် သည့် အ န္တ ရာယ် ဖြစ် စေ နိုင် သ နည်း။ Judson Bible သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရားသခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။ |
လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
ဤသို့ပြုခြင်းမှာ ငါ့ကို အမျက်ထွက်စေသည်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြသည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။