သို့သော်လည်း သူတို့မနာခံကြ။ မနာရှေမင်းကြီးသည် သူတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် အစ္စရေးလူမျိုးတို့ကို မကောင်းမှုပြုစေခဲ့၏။
ယောဘဝတ္တု။ 34:30 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဘုရားတရားမဲ့သောသူသည် အုပ်စိုးခွင့်ရှိတော့မည်မဟုတ်၊ လူတို့ကိုလည်း ထောင်ချောက်ဆင်နိုင်ခွင့်ရှိတော့မည်မဟုတ်။ Common Language Bible ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။ Garrad Bible ထို သို့ ပြည် သူ ပြည် သား တို့ အား၊ ညွှတ် ကွင်း နှင့် ကင်း လွတ် စေ ခြင်း ငှာ၊ လူ သ ရော် လူ ပျက် သည် မင်း မ မူ ရ။ Judson Bible ထိုသို့ ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။ |
သို့သော်လည်း သူတို့မနာခံကြ။ မနာရှေမင်းကြီးသည် သူတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် အစ္စရေးလူမျိုးတို့ကို မကောင်းမှုပြုစေခဲ့၏။
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
တရားမျှတမှုကိုမုန်းသောသူက အုပ်ချုပ်ရမည်လော။ ဖြောင့်မတ်သောအရှင်၊ တန်ခိုးကြီးသောအရှင်ကို သင်ပြစ်တင်ရှုတ်ချမည်လော။
အကြောင်းမူကား ကိုယ်တော်သည် လူသွားသောလမ်းတို့ကို စောင့်ကြည့်၍ သူ့ခြေလှမ်းတိုင်းကို မြင်တော်မူ၏။
ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
ကိုယ်တော်သည် နွမ်းပါးသောသူတို့ကို ဓားသွားနှုတ်ခမ်းဘေးမှလည်းကောင်း၊ အားကြီးသောလက်ဘေးမှလည်းကောင်း ကယ်တင်တော်မူ၏။
ဆိုးညစ်သောအမှုသည် လူသားတို့အလယ်တွင် မြှောက်စားခြင်းခံရသောအခါ ဆိုးယုတ်သောသူတို့သည် နေရာတကာသို့လှည့်လည်တတ်ကြ၏။
ဉာဏ်ပညာသည် စစ်လက်နက်များထက် ပို၍ကောင်း၏။ သို့သော် အပြစ်ပြုသောသူတစ်ဦးသည် ကောင်းသောအမှုများစွာတို့ကို ဖျက်ဆီးတတ်၏။
ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
ဧဖရိမ်သည် ရုပ်တုနောက်သို့ ကောက်ကောက်ပါအောင်လိုက်သောကြောင့် နှိပ်စက်ခြင်းကိုခံရ၍ တရားစီရင်ခြင်းကြောင့် ကျိုးပဲ့ကြေမွလေပြီ။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”