လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။
ယောဘဝတ္တု။ 14:7 - မြန်မာ့စံမီသမ္မာကျမ်း သစ်ပင်၌ပင် မျှော်လင့်ချက်ရှိ၏။ ခုတ်လှဲခံရသော်လည်း သေမသွားဘဲ အတက်ပြန်ပေါက်၍ အညွန့်များထွက်လာတတ်၏။ Common Language Bible သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။ Garrad Bible သစ် ပင် ကို ခုတ် လှဲ သော် လည်း၊ နောက် တစ် ဖန် အ တက် ပေါက်၍၊ အ ခက် အ လက် မ ပြတ် မ စဲ ဟု မျှော် လင့် ရန် ရှိ သေး၏။ Judson Bible သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏။ |
လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။
သူရင်းငှားကဲ့သို့ သူသည် တစ်နေ့တာကုန်ဆုံးပြီးနောက် အနားယူအပန်းဖြေရမည့်အကြောင်း သူ့ထံမှမျက်နှာလွှဲ၍ တစ်ဦးတည်းနေစေတော်မူပါ။
ငါ့ကို အဘက်ဘက်မှချိုးဖဲ့တော်မူသဖြင့် ငါကျိုးပဲ့ရပြီ။ ငါ့မျှော်လင့်ချက်များကိုလည်း သစ်ပင်ကဲ့သို့ ဆွဲနုတ်ပစ်တော်မူပြီ။
နောင်တစ်ချိန်မှာ ယာကုပ်သည် အမြစ်တွယ်လာလိမ့်မည်။ အစ္စရေးသည် ဖူးငုံပွင့်လန်းလာလိမ့်မည်။ ကမ္ဘာမြေတစ်ပြင်လုံးကို အသီးနှင့်ပြည့်စေလိမ့်မည်။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။
မြေတွင်စွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တိရစ္ဆာန်တို့နှင့်အတူ မြက်ပင်ကို အတူစားစေ။