ထိုအခါ ဗာဇိလဲက ရှင်ဘုရင်အား “အရှင်မင်းကြီးနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ရလောက်အောင် အကျွန်ုပ် မည်မျှအသက်ရှည်ပါဦးမည်နည်း။
ယောဘဝတ္တု။ 14:14 - မြန်မာ့စံမီသမ္မာကျမ်း လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။ Common Language Bible လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။ Garrad Bible လူ သေ လျှင် ရှင် ဦး မည် လော။ သို့ မှန် ခဲ့ လျှင်၊ ပြေး လွတ် ခွင့် မ ရ မ ချင်း၊ နေ့ ရက် တာ ရှိ သ မျှ အ တွင်း၊ လ မိုင်း သား အ ဖြစ် စောင့် မျှော် ၍၊ Judson Bible လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန် မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။ |
ထိုအခါ ဗာဇိလဲက ရှင်ဘုရင်အား “အရှင်မင်းကြီးနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ရလောက်အောင် အကျွန်ုပ် မည်မျှအသက်ရှည်ပါဦးမည်နည်း။
ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
ကိုယ်တော်ခေါ်တော်မူလျှင် အကျွန်ုပ်ထူးပါမည်။ ကိုယ်တော်သည် ဖန်ဆင်းတော်မူသောသူကို အောက်မေ့တော်မူမည်ဖြစ်ပါ၏။
လူ့သက်တမ်းသည် သတ်မှတ်ထားပြီးသားဖြစ်၏။ သူအသက်ရှင်ရမည့်လများသည် ကိုယ်တော့်ထံ၌ ရှိ၏။ သူမကျော်လွန်နိုင်သောအသက်အပိုင်းအခြားကို ကိုယ်တော်သတ်မှတ်ထားပြီးဖြစ်၏။
သူသည် မိမိမစင်ကဲ့သို့ ပျက်စီးပျောက်ကွယ်သွားရလိမ့်မည်။ သူ့ကိုမြင်ဖူးသောသူတို့က ‘သူဘယ်ရောက်သွားသနည်း’ဟု မေးကြလိမ့်မည်။
ယောဘသည် နှစ်ပေါင်းတစ်ရာ့လေးဆယ် ဆက်လက်အသက်ရှင်၍ သားမြေးမြစ် မျိုးဆက်လေးဆက်ကိုမြင်ရ၏။
လူသည် မြေကြီးပေါ်တွင် ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ကြရပါသည်တကား။ လူအသက်ရှင်သောနေ့ရက်တို့သည် သူရင်းငှား၏နေ့ရက်ကဲ့သို့ ဖြစ်ပါသည်တကား။
ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။ ထာဝရဘုရားကို စောင့်မျှော်လော့။
အားလုံးသည် တစ်ခုတည်းသောအရပ်သို့ သွားကြ၏။ အားလုံးသည် မြေမှုန့်မှဖြစ်လာ၍ အားလုံးသည် မြေမှုန့်သို့ပြန်သွားကြ၏။
ယာကုပ်အမျိုးအနွယ်ထံမှ မျက်နှာလွှဲတော်မူသောထာဝရဘုရားကို ငါမျှော်လင့်စောင့်စားမည်။
သေလွန်သောသူတို့အား ဘုရားသခင်ထမြောက်စေတော်မူသည်ကို မယုံနိုင်စရာဟု အရှင်တို့ အဘယ်ကြောင့်ထင်မှတ်ကြပါသနည်း။
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။
ပင်လယ်သည် မိမိ၌ရှိသောလူသေတို့ကို ပေးအပ်လေ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့သည်လည်း မိမိ၌ရှိသောလူသေတို့ကို ပေးအပ်ကြ၏။ ထိုအခါ လူအသီးသီးတို့သည် မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။