ယောဘဝတ္တု။ 1:1 - မြန်မာ့စံမီသမ္မာကျမ်း ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။ Common Language Bible ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ Garrad Bible ဥ ဇ ပြည်၌ နေ သော ယော ဘ အ မည် ရှိ သူ တစ် ဦး သည်၊ စုံ လင် ဖြောင့် မတ် မှန်၍၊ ဘု ရား သ ခင် ကို ခန့် ညား လျက် ဒု စ ရိုက် ကို ရှောင် ကြဉ်၏။ Judson Bible ယောဘအမည်ရှိသောသူ တစ်ယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ကောင်းကင်တမန်ကလည်း “သူငယ်အပေါ် လက်မရောက်စေနှင့်။ သူ့ကို ဘာမျှမပြုနှင့်။ အကြောင်းမူကား သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် သင်သည် ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း ယခု ငါသိပြီ”ဟု မြွက်ဆို၏။
သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
ရှေမ၏သားများမှာ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာနှင့် မေရှက် တို့ဖြစ်ကြ၏။
ဧဇာ၏သားများမှာ ဗိလဟန်၊ ဇာဝန်နှင့်အာကန် တို့ဖြစ်ကြ၏။ ဒိရှုန်၏သားများမှာ ဥဇနှင့်အာရန် တို့ဖြစ်ကြ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
သင်၏ကြည်ညိုကိုင်းရှိုင်းခြင်းသည် သင်၏ယုံကြည်အားထားရာ မဟုတ်လော။ တည်ကြည်စွာ ပြုမူကျင့်ကြံခြင်းသည် သင်၏မျှော်လင့်ရာ မဟုတ်လော။
ငါသည် အပြစ်တင်စရာမရှိသောသူဖြစ်လျက်ပင် ငါ့ကိုယ်ငါမသိနိုင်။ ငါ့အသက်ကိုပင် ငါအလေးမထားနိုင်တော့ပါ။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။
ဖြောင့်မှန်သောသူတို့၏လမ်းသည် မကောင်းမှုမှဖယ်ခွာခြင်းဖြစ်၏။ မိမိသွားရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်သောသူသည် မိမိအသက်ကိုစောင့်ထိန်းသောသူဖြစ်၏။
မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
အီဂျစ်ပြည်ရှိလူမျိုးခြားများအားလုံး၊ ဥဇပြည်ရှိဘုရင်အားလုံး၊ ဖိလိတ္တိပြည်ရှိဘုရင်အားလုံး၊ အာရှကေလုန်ပြည်သားများ၊ ဂါဇပြည်သားများ၊ ဧကြုန်ပြည်သားများ၊ ကြွင်းကျန်သော အာဇုတ်ပြည်သားများ၊
ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါအသက်ရှင်သည်နှင့်အညီ ထိုပြည်ထဲတွင် နောဧ၊ ဒံယေလ၊ ယောဘတို့ရှိလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
မကောင်းသောအမှုကိုရှောင်ရှားလျက် ကောင်းသောအမှုကိုပြုစေ။ ငြိမ်သက်ခြင်းကိုရှာ၍ ၎င်းကိုရရှိရန်ကြိုးစားစေ။