ထို့ပြင် ငါတို့ဘုရားသခင့်အိမ်တော်၏အမှုတော်လုပ်ငန်းအတွက် တစ်နှစ်လျှင် တစ်ယောက်ကို တစ်ရှယ်ကယ်၏သုံးပုံတစ်ပုံပေးလှူပါမည်။
မဿဲ 17:24 - မြန်မာ့စံမီသမ္မာကျမ်း ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန်ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။ Common Language Bible ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရနောင်မြို့ သို့ရောက်ကြသောအခါဗိမာန်တော်အတွက်အခွန် ကောက်ခံသူများသည်လာ၍ပေတရုအား ``သင်၏ ဆရာသည်ဗိမာန်တော်ခွန်ပေးဆောင်ပါသလော'' ဟုမေးမြန်းကြ၏။ Garrad Bible က ပေ ရ နောင် မြို့ သို့ ရောက် ကြ သော် အ လှူ ငွေ ခံ သူ တို့ သည် ပေ တ ရု အား သင့် ဆ ရာ သည် အ လှူ ငွေ ပေး သည် မ ဟုတ် လော ဟု မေး လာ သည့် ကာ လ ပေ တ ရု က ပေး သည် ဟု ပြန် ဆို၏။ Judson Bible ကပေရနောင်မြို့သို့ ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကို ခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည် ဒိဒြမ္မကို မပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကပေရနောင်မြို့သို့ ရောက်ကြသောအခါ ဗိမာန်တော်အတွက်အခွန်ကောက်ခံသူတို့က ပေတရုထံသို့ လာ၍ “သင်တို့၏ ဆရာသည် ဗိမာန်တော်ခွန်ပေးဆောင်သလော” ဟု မေးမြန်းကြ၏။ မြန်မာ ကပေရနောင်မြို့သို့ ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကို ခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည် ဒိဒြမ္မကို မပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။ |
ထို့ပြင် ငါတို့ဘုရားသခင့်အိမ်တော်၏အမှုတော်လုပ်ငန်းအတွက် တစ်နှစ်လျှင် တစ်ယောက်ကို တစ်ရှယ်ကယ်၏သုံးပုံတစ်ပုံပေးလှူပါမည်။
ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်ဖြစ်သော တစ်ဗေကာကို ပေးဆောင်ကြ၏။
သင်တို့သည် သင်တို့ကိုချစ်သောသူတို့အားချစ်လျှင် သင်တို့၌ မည်သည့်အကျိုးကျေးဇူးရှိသနည်း။ အခွန်ကောက်ခံသူတို့ပင်လျှင် ထိုနည်းတူပြုကြသည်မဟုတ်လော။
ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား“သင်တို့သည် လမ်း၌ မည်သည့်အကြောင်းအရာကို အချေအတင်ပြောဆိုလာခဲ့ကြသနည်း”ဟု မေးတော်မူ၏။