သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
မြည်တမ်းစကား 3:60 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို အဘယ်မျှလောက် အငြိုးထား၍ အဘယ်မျှလောက် မကောင်းကြံစည်နေသည်ကို ကိုယ်တော်သိတော်မူပါပြီ။ Common Language Bible ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ Garrad Bible အ ကျွန်ုပ်၌ ကြံ စည် ကြ သော လက် စား ချေ မှု များ ကို၊ ကိုယ် တော် သိ တော် မူ ပါ၏။ Judson Bible သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။ |
သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ် မတရားသဖြင့်ခံရသည်ကို ကိုယ်တော်မြင်တော်မူပါပြီ။ အကျွန်ုပ်အမှုကို စီရင်တော်မူပါ။
အို ထာဝရဘုရား၊ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်း၊ မကောင်းကြံစည်ခြင်းအလုံးစုံကို ကိုယ်တော် ကြားသိတော်မူပါပြီ။