ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
မိက္ခာ 6:13 - မြန်မာ့စံမီသမ္မာကျမ်း “သို့ဖြစ်၍ ငါသည် သင့်ကို ဖျားနာခြင်းဖြင့် ဒဏ်ခတ်မည်။ သင့်အပြစ်များကြောင့် သင့်ကို ဖျက်ဆီးပစ်မည်။ Common Language Bible သို့ဖြစ်၍သင်တို့၏ဒုစရိုက်အပြစ်များ ကြောင့် ငါသည်ယခုသင်တို့အားဒဏ်ခတ်၍ ပျက်သုဉ်းစေမည်။ လိမ်လည်သောစကားကို ပြောဆိုကြ၏။- Garrad Bible သို့ ဖြစ် ၍၊ ငါ သည် သင့် ကို အ နာ တ ရ ပြု လျက်၊ ပြစ် မှု များ အ တွက် ဆိတ် ညံ ရာ ရောက် စေ သည့် အ လျောက်၊ Judson Bible သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါသုတ်သင်ပယ်ရှင်းခြင်း အလိုငှာ နာကျင်စွာ ဒဏ်ခတ်မည်။ |
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
ကွင်းပြင်သို့ထွက်သွားသော် ဓားဖြင့်အသတ်ခံရသောသူတို့ကို တွေ့ရ၏။ မြို့ထဲသို့ဝင်သော် ငတ်မွတ်ခေါင်းပါးခြင်းဝေဒနာခံစားနေရသောသူတို့ကို တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် သူတို့မသိသောပြည်သို့ သွားကြပြီ’ဟူသောစကားကို ပြောကြားရမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ကောင်းကင်မှမီးကို စေလွှတ်၍ ငါ့အရိုးများကို လောင်ကျွမ်းစေတော်မူပြီ။ ငါ့ခြေရှေ့၌ ပိုက်ကွန်ကိုဖြန့်ထားပြီ။ ငါ့ကိုနောက်သို့ပြန်လှည့်စေတော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူ၍ ငါသည် တစ်နေ့လုံး ညှိုးငယ်လျက်နေရပါပြီ။
ငါ့ကို လမ်းလွဲစေ၍ အပိုင်းပိုင်းဆွဲဖြတ်တော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူပြီ။
အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
ရှမာရိသည် မိမိ၏ဘုရားသခင်ကို ပုန်ကန်သောကြောင့် အပြစ်သင့်လေပြီ။ သူတို့သည် ဓားဘေးဖြင့် ကျဆုံးလိမ့်မည်။ သူတို့၏ကလေးသူငယ်တို့သည် ကိုင်ပေါက်ခံရလိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းသည်လည်း ခွဲဖောက်ခံရလိမ့်မည်။
ပြစ်ဒဏ်ခံရသောနေ့တွင် ဧဖရိမ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ အစ္စရေးအမျိုးအနွယ်ထဲတွင် အမှန်ဖြစ်လာမည့်အရာကို ငါဖော်ပြ၏။
ငါသည် သင်တို့အား ဤသို့ပြုမည်။ မျက်စိကွယ်စေ၍ စိတ်အားလျော့စေသော အဆုတ်ရောဂါ၊ အဖျားရောဂါတည်းဟူသော ထိတ်လန့်ဖွယ်သောအရာကို သင်တို့အပေါ် သက်ရောက်စေမည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏အသီးအနှံတို့ကို စားပစ်မည်ဖြစ်သောကြောင့် သင်တို့ကြဲသောမျိုးစေ့သည် အချည်းနှီးဖြစ်လိမ့်မည်။
အကြောင်းမူကား မပျောက်ကင်းနိုင်သော ရှမာရိမြို့၏ဒဏ်ရာများသည် ယုဒပြည်အထိ ရောက်လေပြီ။ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်လူမျိုး၏မြို့တံခါးသို့ ရောက်လေပြီ။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
မြေကြီးသားတို့ပြုသောအမှု၏အကျိုးဆက်ကြောင့် ကမ္ဘာမြေကြီးသည် လူဆိတ်ညံရာဖြစ်လိမ့်မည်။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။