အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
ဗျာဒိတ် 21:21 - မြန်မာ့စံမီသမ္မာကျမ်း မြို့တံခါးတစ်ဆယ့်နှစ်ပေါက်တို့သည် ပုလဲတစ်ဆယ့်နှစ်လုံးဖြစ်ကြပြီး တံခါးတစ်ပေါက်လျှင် ပုလဲတစ်လုံးစီဖြင့်ပြုလုပ်ထား၏။ မြို့၏လမ်းမသည်လည်း ထုတ်ချင်းခတ်မြင်နိုင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။ Common Language Bible မြို့တံခါးတစ်ခုလျှင်ပုလဲတစ်လုံးဖြင့်ပြုလုပ် ထားသဖြင့် မြို့တံခါးတစ်ဆယ့်နှစ်ခုတို့သည်ပုလဲ တစ်ဆယ့်နှစ်လုံးဖြစ်ကြ၏။ မြို့၏လမ်းတို့ကိုလည်း ကြည်လင်သည့်ဖန်ကဲ့သို့ရွှေစင်ဖြင့်ပြုလုပ်ထား လေသည်။ Garrad Bible တံ ခါး ဆယ့် နှစ် ကား အ သီး အ သီး ပု လဲ တစ် လုံး စီ ဖြင့် ထွင်း ထု ပြီး ပု လဲ ဆယ့် နှစ် လုံး ဖြစ်၏။ လမ်း မ တော် များ လည်း ကြည် လင် သော ဖန် ဆင်း ရွှေ စင် ဖြစ်၏။ Judson Bible တံခါးရွက် တစ်ဆယ်နှစ်ရွက် အသီးအသီးတို့သည် ပုလဲတစ်ပြားစီဖြင့်ပြီး၍ ပုလဲတစ်ဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့တံခါးတစ်ခုစီကို ပုလဲတစ်လုံးစီဖြင့် ပြုလုပ်ထား၍ တံခါးဆယ့်နှစ်ပေါက်တွင် ပုလဲဆယ့်နှစ်လုံးရှိ၏။ မြို့တော်၏လမ်းမကြီးကို ဖောက်ထွင်းမြင်ရသည့်ဖန်ကဲ့သို့ သန့်စင်သောရွှေဖြင့် ပြုလုပ်ထား၏။ |
အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။
‘ပိတ်ချော၊ ခရမ်းရောင်နှင့် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားသောမြို့ကြီး၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။
ငါနှင့်စကားပြောသောကောင်းကင်တမန်၌ ထိုမြို့ကိုလည်းကောင်း၊ မြို့၏တံခါးနှင့်မြို့ရိုးတို့ကိုလည်းကောင်း တိုင်းရန် တိုင်းစရာရွှေကျူရိုးရှိ၏။
ထိုမြို့ရိုးကို နဂါးသွဲ့ကျောက်ဖြင့် တည်ဆောက်ထား၍ မြို့သည် ကြည်လင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။
မြို့၏လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ မြစ်၏တစ်ဖက်တစ်ချက်စီ၌ကား အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပေးတတ်သည့်အသက်ပင်ရှိ၏။ ထိုအပင်မှ အရွက်များသည်လည်း လူမျိုးတကာတို့၏ကျန်းမာခြင်းအတွက်ဖြစ်၏။
ထို့ပြင် ပလ္လင်တော်ရှေ့၌ ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ပလ္လင်တော်၏အလယ်နှင့် ပလ္လင်တော်ပတ်လည်၌ကား ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများဖြင့်ပြည့်နေသောသတ္တဝါလေးပါးရှိ၏။