အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 7:70 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ပြန်လည်​တည်ဆောက်မှု​လုပ်ငန်း​အတွက် ပေးလှူ​ကြ​၏​။ ဘုရင်ခံ​သည်​လည်း ရွှေ​ဒင်္ဂါးပြား တစ်ထောင်​၊ အင်တုံ ငါးဆယ်​၊ ယဇ်ပုရောဟိတ်​ဝတ်စုံ ငါး​ရာ​သုံးဆယ်​တို့​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​မှု​ကုန်​ကျ​စ​ရိတ်​အ​တွက် ပေး​လှူ​ကြ​သူ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဘု​ရင်​ခံ​ရွှေ​အောင်​စ ၂၇၀ ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​သည့်​အင်​တုံ ၅၀ ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၅၃၀ သား​ချင်း​စု​ခေါင်း​ဆောင်​များ ရွှေ ၃၃၇​ပေါင် ငွေ ၃၂၁၅​ပေါင် ကျန်​ပြည်​သူ​များ​ရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၆၇

အခန်းကိုကြည့်ပါ။

Garrad Bible

အ မှု တော် ဆောင် ရွက် ရန် အိမ် ထောင် အအုပ် အချုပ် အ ချို့ တို့ လှူ ဒါန်း ကြ သည် မှာ၊ ဘု ရင် ခံ မင်း က၊ ရွှေ ဒင်္ဂါး တစ် ထောင်၊ အင် တုံ တော် ငါး ဆယ်၊ သင်္ကန်း စုံ ငါး ရာ့ သုံး ဆယ်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​စ​ရာ လှူ​ကြ၏။ ပြည်​အုပ်​မင်း​သည်​လည်း ရွှေ​ဒင်္ဂါး​တစ်​ထောင်၊ အင်​တုံ​ငါး​ဆယ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​စုံ ငါး​ရာ​သုံး​ဆယ်​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​လေ၏။

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 7:70
15 ပူးပေါင်းရင်းမြစ်များ  

အိုး​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။ ဤသို့ ဟုရံအဘိ​သည် ရှောလမုန်​မင်းကြီး​အဖို့ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​အားလုံး​ကို ပြောင်လက်​နေ​သော​ကြေးနီ​များ​ဖြင့် သွန်းလုပ်​၏​။


ခက်ရင်းခွ​များ​၊ ဇလုံ​များ​၊ ကရား​များ​အတွက် ရွှေ​စင်​များ​၊ ရွှေ​ဖလား​များ​အတွက် ရွှေ​ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဖလား​များ​အတွက် ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊


ထို့ပြင် ဟုရံ​သည် အိုး​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။ ထိုသို့ ဟုရံ​သည် ရှောလမုန်​မင်းကြီး​အဖို့ ဘုရားသခင်​၏​အိမ်​တော်​၌ လုပ်ဆောင်စရာ​တို့​ကို လုပ်ဆောင်​ပြီးစီး​သွား​၏​။


စားပွဲ​ဆယ်​လုံး​ကို​လည်း ပြုလုပ်​ပြီး ဗိမာန်တော်​အတွင်း ယာဘက်​ခြမ်း​တွင်​ငါး​လုံး​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​လုံး နေရာချ​ထား​၏​။ ထို့ပြင် ရွှေ​ဇလုံ​အလုံး​တစ်ရာ​ကို​လည်း ပြုလုပ်​၏​။


တံဆိပ်ခတ်​ရာ​တွင် ပါဝင်​သော​သူ​များ​မှာ ဟာခလိ​၏​သား ဘုရင်ခံ​နေဟမိ​နှင့် ဇေဒကိ​၊


ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။


ကုလားအုတ် လေး​ရာ​သုံးဆယ့်​ငါး​ကောင်​၊ မြည်း အကောင်​ခြောက်​ထောင်​ခုနစ်​ရာ့​နှစ်ဆယ်​လည်း ပါ​၏​။


အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ရွှေ​ဒင်္ဂါးပြား​နှစ်သောင်း​၊ ငွေ​မိနာ့​နှစ်ထောင့်​နှစ်ရာ​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။


လူ​အပေါင်း​တို့​သည် ပညတ်တရား​စကား​များ​ကို ကြား​ရ​သောအခါ ငိုကြွေး​ကြ​၏​။ ထို့ကြောင့် ဘုရင်ခံ​နေဟမိ​၊ ကျမ်းပြုဆရာ​ယဇ်ပုရောဟိတ်​ဧဇရ​နှင့် လူ​တို့​အား အဓိပ္ပာယ်​ကို​ရှင်းပြ​သော​လေဝိ​သား​တို့​က “​ယနေ့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​နေ့ ဖြစ်​၏​။ ထို့ကြောင့် မ​ညည်းတွား​ကြ​နှင့်​၊ မ​ငိုကြွေး​ကြ​နှင့်​”​ဟု လူ​အပေါင်း​တို့​အား ဆို​၏​။


ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။


မောရှေ​သည် သွေး​တစ်ဝက်​ကို​ယူ​၍ အင်တုံ​များ​ထဲသို့​ထည့်​ပြီး သွေး​တစ်ဝက်​ကို​ကား ယဇ်ပလ္လင်​ပေါ်သို့ ဖျန်း​လေ​၏​။


ကိုယ်ရံတော်မှူး​သည် ရွှေစင်​၊ ငွေစင်​ဖြင့်​လုပ်​ထား​သော အင်တုံ​များ​၊ မီးကျီးခံဗန်း​များ​၊ ဇလုံ​များ​၊ အိုး​များ​၊ ဆီမီးခုံ​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​ကို​လည်း သိမ်းယူ​သွား​လေ​၏​။