သူ၏ဘေးတွင် တေကောမြို့သားတို့ ပြုပြင်ကြ၏။ သို့သော် သူတို့၏ခေါင်းဆောင်တို့သည် သခင်စေခိုင်းသည်ကို မထမ်းဆောင်လိုကြပေ။
နောက်ထပ်တစ်ပိုင်းကိုတေကောမြို့သားတို့ တည်ဆောက်ကြလေသည်။ သို့ရာတွင်မြို့၏ အကြီးအကဲများကမူ မိမိတို့အားကြီး ကြပ်သူတို့ပေးအပ်သည့်ကာယအလုပ် ကိုငြင်းဆန်ကြ၏။
၎င်း အ စပ်၊ တေ ကော မြို့ သား တို့ ပြင် ဆင် ကြ သော် လည်း၊ ဆိုင် ရာ အ ကြီး အ ကဲ တို့ သည်၊ ကိုယ့် အ ရှင့် တာ ဝန် ကို မ ထမ်း မ ဆောင် ကြ။
သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏အမှုကို ဝိုင်းညီ၍မပြုကြ။
ထို့ကြောင့် ယွာဘသည် တေကောမြို့သို့ လူလွှတ်၍ ထိုမြို့မှ လိမ္မာပါးနပ်သောအမျိုးသမီးတစ်ဦးကို ခေါ်လာစေပြီးလျှင် “ယခု သင်သည် ဆီမလိမ်းဘဲ ငိုကြွေးမြည်တမ်းရာဝတ်စုံကိုဝတ်ပြီး လူသေအတွက် နေ့ရက်များစွာငိုကြွေးမြည်တမ်းနေသောမိန်းမကဲ့သို့ ဟန်ဆောင်ငိုကြွေးလျက်
ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊
သူတို့၏ဘေးတွင် တေကောမြို့သားတို့သည် ထိုးထွက်နေသောမျှော်စင်ကြီးမှ ဩဖေလတံတိုင်းအထိ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်ကြ၏။
သူတို့၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ် ပြုပြင်၏။ သူ၏ဘေးတွင် မေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံ ပြုပြင်၏။ သူ၏ဘေးတွင် ဗာနာ၏သားဇာဒုတ် ပြုပြင်၏။
ပါသာ၏သားယောယဒနှင့် ဗေသောဒေယ၏သားမေရှုလံတို့သည် ယေရှနတံခါးကို ပြုပြင်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
ငါသည် ထိုစကားအလုံးစုံတို့ကို ယုဒဘုရင်ဇေဒကိမင်းကြီးအား လျှောက်တင်၏။ “အရှင်သည် ဘေဘီလုံဘုရင်၏ထမ်းပိုးကိုထမ်း၍ ထိုဘုရင်နှင့် သူ၏လူများကို အစေခံလျက် အသက်ရှင်ပါလော့။
ထာဝရဘုရားက “ကြိုးများ၊ ထမ်းပိုးများကိုပြုလုပ်ပြီး သင်၏ပခုံးပေါ် တင်လော့။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
သို့ဖြစ်လျှင် သင်တို့သည် ငါတို့ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်လည်း မထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်ခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့် စမ်းသပ်ကြသနည်း။
ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။