နေဟမိ 3:5 - Common Language Bible5 နောက်ထပ်တစ်ပိုင်းကိုတေကောမြို့သားတို့ တည်ဆောက်ကြလေသည်။ သို့ရာတွင်မြို့၏ အကြီးအကဲများကမူ မိမိတို့အားကြီး ကြပ်သူတို့ပေးအပ်သည့်ကာယအလုပ် ကိုငြင်းဆန်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ၎င်း အ စပ်၊ တေ ကော မြို့ သား တို့ ပြင် ဆင် ကြ သော် လည်း၊ ဆိုင် ရာ အ ကြီး အ ကဲ တို့ သည်၊ ကိုယ့် အ ရှင့် တာ ဝန် ကို မ ထမ်း မ ဆောင် ကြ။ အခန်းကိုကြည့်ပါ။Judson Bible5 သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏အမှုကို ဝိုင်းညီ၍မပြုကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သူ၏ဘေးတွင် တေကောမြို့သားတို့ ပြုပြင်ကြ၏။ သို့သော် သူတို့၏ခေါင်းဆောင်တို့သည် သခင်စေခိုင်းသည်ကို မထမ်းဆောင်လိုကြပေ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-