ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
ဒံယေလ 11:17 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိနိုင်ငံတစ်နိုင်ငံလုံး၏အင်အားဖြင့် တောင်ဘုရင်ထံဝင်ရောက်၍ ငြိမ်းချမ်းရေးရယူရန် ကြံစည်လိမ့်မည်။ ပြည်ကိုဖျက်ဆီးရန် မိန်းမပျိုများကို တောင်ဘုရင်အား ဆက်သလိမ့်မည်။ သို့သော် ထိုအမှုသည် အောင်မြင်မည်မဟုတ်၊ သူ့အတွက် အကျိုးပြုမည်မဟုတ်။ Common Language Bible ``ဆီးရီးယားဘုရင်သည်မိမိ၏ကြီးမား သောစစ်တပ်တစ်တပ်လုံးဖြင့် စစ်ချီရန်ကြံ စည်လိမ့်မည်။ ထိုနောက်ရန်သူ့နိုင်ငံပြိုပျက် ရေးအတွက် ရန်သူနိုင်ငံ၏မင်းနှင့်မဟာမိတ် ဖွဲ့ကာသူ့အားသမီးတော်ကိုထိမ်းမြားဆောင် နှင်းပေးလိမ့်မည်။ သို့ရာတွင်ဤအကြံအစည် သည်အောင်မြင်လိမ့်မည်မဟုတ်။- Garrad Bible ထို ဘု ရင် သည် ကြေ အေး စေ မည့် အ ကြံ နှင့် ကိုယ်၏ စွမ်း အင် ရှိ သ မျှ ပါ လာ လျက် သ တို့ သ မီး ကို ဆောင် နှင်း လ တ္တံ့ သော် လည်း ၎င်း သ မီး ပျက် စီး ရ သ ဖြင့် မ တည် နိုင်။ အ ကျိုး လည်း မ ဖြစ် ရာ။ Judson Bible ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်းသည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စားခြင်းငှာ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီးခြင်းငှာ ပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံမမြောက်၊ အကျိုးမရှိရ။ |
ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
သို့ဖြစ်၍ ကိုယ်တော်ကို ငါခေါ်သောနေ့၌ ငါ၏ရန်သူတို့သည် နောက်ပြန်ဆုတ်ကြလိမ့်မည်။ ဤအမှုအားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ရှိတော်မူသည်ကို ငါသိ၏။
လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။ သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
ဘေဘီလုံဘုရင်သည် လူအမြောက်အမြားကိုသတ်ဖြတ်ရန် မြေကတုတ်များ၊ ရဲတိုက်များကို တည်ဆောက်ထားသောအခါ ဖာရောမင်းကြီးသည် စစ်အင်အား၊ လူအင်အား အမြောက်အမြားဖြင့် သူ့ကိုစစ်ကူတိုက်မည်မဟုတ်။
“အချင်းလူသား၊ အမ္မုန်အမျိုးသားတို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ထို့နောက် သံပြားတစ်ချပ်ကိုယူ၍ သင်နှင့်မြို့ပုံအကြားတွင် သံမြို့ရိုးသဖွယ် ကာထားလော့။ သင်သည် မြို့ဘက်သို့ စိုက်ကြည့်လော့။ ထိုအခါ မြို့သည် ဝိုင်းထားခြင်းခံရသကဲ့သို့ ဖြစ်မည်။ ဤသို့ မြို့ကိုဝိုင်းထားခြင်းသည် အစ္စရေးအမျိုးအနွယ်တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
သင်ဝိုင်းထားသောဂျေရုဆလင်မြို့ကို စိုက်ကြည့်လော့။ လက်သီးလက်မောင်းတန်းလျက် ထိုမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောရမည်။
သူသည် သူ့ခံတပ်ပြည်သို့ပြန်လာမည်ဖြစ်သော်လည်း ခလုတ်တိုက်၍လဲကျသေဆုံးသွားလိမ့်မည်။ သူ့ကို တွေ့ရတော့မည်မဟုတ်။
ခြောက်ဆယ့်နှစ်သီတင်းလွန်လျှင် ဘိသိက်ခံမင်းသည် မည်သည့်အရာမျှမကျန်ဘဲ ပယ်ရှင်းခြင်းခံရလိမ့်မည်။ နောက်တက်လာမည့်မင်း၏လူတို့သည် မြို့နှင့် သန့်ရှင်းရာဌာနကို ဖျက်ဆီးပစ်လိမ့်မည်။ အဆုံးသည် ရေလွှမ်းမိုးသကဲ့သို့ ရောက်လာလိမ့်မည်။ အဆုံးသို့မရောက်မချင်း စစ်မက်ဖြစ်ပွားလိမ့်မည်။ ဤသို့ ပျက်စီးခြင်းကို စီရင်ထားတော်မူပြီ။
သူတို့အားလုံး အကြမ်းဖက်မှုပြုရန် ရှေ့တည့်တည့်သို့ မျက်နှာမူလျက် ချီတက်လာကြပြီ။ သုံ့ပန်းများကိုလည်း သဲလုံးနှင့်အမျှ သိမ်းပိုက်နိုင်လေပြီ။
ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
ကိုယ်တော်သည် ကောင်းကင်ဘုံသို့ဆောင်ယူခြင်းခံတော်မူမည့်နေ့ရက် နီးကပ်လာသောအခါ ဂျေရုဆလင်မြို့သို့ကြွရန် ရှေးရှုလျက်
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။